နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန် ဧပြီ ၂၀ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဘုရင့်နောင် ယာဉ်/စက်အပိုပစ္စည်း ရောင်းဝယ်ရေးဝန်း၊ အမှတ်(၃)ရပ်ကွက်၊ မင်းဓမ္မလမ်း ရွှေကမ္ဘာအိမ်ရာ၊ တောင်ဥက္ကလာပမြို့နယ်၊ ဇီဇဝါ အိမ်ရာတို့တွင် COVID-19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဆေးဖျန်းယာဉ် ၁ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီး၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ ရေသယ်ယာဉ် ၉ စီး၊ LUF-60 (Robotic Fire Fighting Vehicle) ယာဉ် ၁ စီး၊ LUF – Micro (Robotic Fire Fighting Vehicle) ယာဉ် ၁ စီး၊ အဆင့်မြင့်မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရဟိတအသင်းများမှ ရေသယ်ယာဉ် ၂ စီး၊ ဆေးဖျန်းယာဉ် ၃ စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို ဧပြီ ၂၀ ရက်၊ နေ့လယ်ပိုင်းက တွေ့ရစဉ်။ (သူရိန်)






အခြားဆက်စပ်သတင်းများ