နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေပြည်သာမြို့နယ်တွင် ဖုန်းနှင့် ငွေ လုယက်မှုကျူးလွန်သူ ၃ ဦးကို အချိန်တိုအတွင်း ဖမ်းဆီးရမိ

ရန်ကုန် ဩဂုတ် ၂၂


အမှုမှာ ရွှေပြည်သာမြို့နယ်၊ (၁၂)ရပ်ကွက်၊ ယင်းမာလမ်း၊ အမှတ်(၇၃၀)နေ တရားလို ဒေါ်------သည် ဩဂုတ် ၂၀ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန် အလုပ်မှနေအိမ်သို့ပြန်လာရာ ယင်းမာလမ်းဘေးရှိ ရထားသံလမ်း အား ဖြတ်ကူးစဉ် အမည်မသိ အမျိုးသား(၃)ဦးက ဓားဖြင့်ခြိမ်းခြောက်၍ ငွေ ၁၇,၄၀၀ ကျပ်နှင့် OPPO အမျိုးအစားဖုန်းတစ်လုံးထည့်ထားသော အညိုရောင်ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွားသောကြောင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခံခဲ့ကြောင်း၊ အမှတ်(၁၂)ရပ်ကွက်၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှ လှည့်ကင်းဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက အဆိုပါအမည်မသိ အမျိုးသား  ၃ ဦးကို ဝိုင်းပတ်ပိတ်ဆို့ လိုက်လံဖမ်းဆီးခဲ့ရာ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရထားသံလမ်းဂိတ်အနီး၌ တင်စိုးဦး၊ စည်သူအောင် နှင့် ထက်လင်းအောင်တို့ ၃ ဦးကို ရွှေပြည်သာမြို့နယ်၊ (၂)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ရထားသံလမ်းဂိတ်အနီး၌ ခြိမ်းခြောက်လုယူသွားသည့် သက်သေ ခံပစ္စည်း ငွေ ၁၇,၄၀၀ ကျပ်၊ OPPO အမျိုးအစား ဖုန်း(၁)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၃ ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

ဆွေဦး






အခြားဆက်စပ်သတင်းများ