နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပေါင်မြို့နယ်နှင့် ဘားအံတွင် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ပေါင် ဩဂုတ် ၂၁


  ဩဂုတ် ၁၉ ရက်၊ နံနက် ၁၀ နာရီ ၅ မိနစ်အချိန် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု၊ ကော့စိုင်ကျေးရွာရှိ တည်းခိုခန်းအားရှာဖွေရာ မစံသီလှိုင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ ပြား၊ လက်ကိုင်ဖုန်းတစ်လုံး၊ မြန်မာငွေ ၄၈,၀၀၀ ကျပ်တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် မစံသီလှိုင်(၄၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ 

အလားတူ ဩဂုတ် ၁၉ ရက်၊ ည ၁၁ နာရီအချိန် ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာအုပ်စု၊ ဘားကပ်ကျေးရွာအနီးတိုးဂိတ်တွင် အောင်ပု(ခ)အောင်ထွေး(ခ)ကျော်ကြီးကို တွေ့ရှိ၍ စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၅၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် အောင်ပု(ခ)အောင်ထွေး(ခ)ကျော်ကြီး(၂၆)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။     


ဆွေဦး






အခြားဆက်စပ်သတင်းများ