နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၃,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

တာချီလိတ် ဩဂုတ် ၂၁


 ဩဂုတ် ၁၉ ရက်၊ ညနေ ၆ နာရီခွဲအချိန် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရုံးအနီးတွင် မော်တော်ဆိုင်ကယ်နှင့် မသင်္ကာဖွယ်တွေ့ရှိသူ စိုင်းဆွေ အားစစ်ဆေးချက်အရ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်၊ ကွင်းအမှတ် (၂၃)အနီး၌ CROWN အမျိုးအစား မော်တော်ယာဉ်နှင့်အတူ စိုးမင်းနိုင်(ခ)အားဟူ ကိုဖမ်းဆီးရမိခဲ့ပြီး ယာဉ်နောက်ခန်းရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် စိုးမင်းနိုင်(ခ)အားဟူ(၂၆)နှစ်၊ စိုင်းဆွေ(၃၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

အလားတူ ဩဂုတ် ၁၉ ရက်၊ ညနေ ၄ နာရီခွဲအချိန် မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမကြီးပေါ်ရှိ ဟိုတယ်ရှေ့တွင် AD Van အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ခရီးသည် မခေါန်ထွဲ၏ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၆,၁၀၀ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မခေါန်ထွဲ (၂၃)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။   


ဆွေဦး






အခြားဆက်စပ်သတင်းများ