နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လုယက်ရန်ကြံစည်ရာမှစကားများကာတူဖြစ်သူမှဦးလေးအားဓားဖြင့်ထိုးသတ် ပြစ်မှုကျုးလွန်သူများအား၂နာရီအတွင်းဖော်ထုတ်ဖမ်းဆီး

မန္တလေးပြည်ကြီးတံခွန်မြို့နယ်(ဈ)ရပ်ကွက်၊၆၅လမ်းနှင့်သခင်ဖိုးလှကြီးလမ်းထောင့်ရှိ××××ကား ပစ္စည်းဆိုင် ပိုင်ရှင်ဦးစိုင်းနန္ဒာဦး(၃၆)သည် နေအိမ်တိုက်၃လွာရှိအိပ်ခန်းတွင်ဧပြီ၁၉ရက်နံနက်၃ နာရီခွဲ့ အိပ်ပျော်နေစဉ် မြေညီထပ် ရှိဆိုင်ခန်းသံပန်းတံခါးတွန်းဖွင့်သံကြားရ၍ဝရန်တာမှထွက်ကြည့်ရာ အမည်မသိလူတစ်ဦးမှ ၎င်းပိုင်ဆိုင်ကယ်အား စက်နှိုးနေသည်ကိုတွေ့ရ၍သူခိုးဟုအော်ဟစ်ခဲ့သဖြင့် ဆိုင်ကယ်အားထား၍ထွက်ပြေးသွားကြောင်း၊ ယင်းနောက် ဇနီး ဖြစ်သူနှင့်အတူမြေညီထပ်သို့ ဆင်းလာရာ ဒုတိယထပ်သိုကအရောက်လှေကားတွင် ဆိုင်ဝန်ထမ်းဖြစ်သူချိုတူး(၂၈) နှစ်အားလည်ပင်းတွင်ဓား ဓဏ်ရာဖြင့်လဲကျသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် လူသတ်ထွကပြေးသူကို အရေးယူပေး ရန်ဆိုင်ပိုင် ရှင်မှတိုင်ကြားသဖြင့် စက်မှုနယ်မြေရဲစခန်းက(ပ)၁၃၀/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ၃၀၂အရအမှုဖွင့် ဆောင် ရွက်ခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ပြည်ကြီးတံခွန်မြို့နယ်ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး၊စက်မှုနယ်မြေရဲစခန်းမှူးနှင့်နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များသည်အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးပြီးထွကပြေးသူကျန်ရစ်ခဲ့ သောလက်ကိုင်ဖုန်း မှတစ်ဆင့် ပြစ်မှုကျုးလွန်ရာတွင်အတူပါဝင်ခဲ့သည့်×××ကားပစ္စည်းအရောင်းဆိုင် ဝန်ထမ်းငြိမ်းချမ်းသူ(၁၇)နှစ် မလှိုင်မြို့နယ် အားဖော်ထုတ်ဖမ်းဆီးရမိပြီး၊ ယင်းအားစစ်မေးချက်အရထွက် ပြေးသူမှာ၎င်း၏အစ်ကို သက်နိုင်စိုး(၁၉)နှစ် မလှိုင်မြို့နယ် နေသူဖြစ်ကြောင်း၊သေဆုံးသူချိုတူးမှာ ယင်းတို့ညီအစ်ကိုနှင့် ဦးလေးတော်စပ်သူဖြစ်ကြောင်းသိရပြီးသက်နိုင်စိုးဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာနံနက်၅နာရီခွဲတွင်ရန်ကုန်-မန္တလေးလမ်းအမရပူရမြို့နယ်မြစ်ငယ်စက်ကွေ့တွင်ဖမ်းဆီးရမိသည်။ သက်နိုင်စိုးနှင့်ငြိမ်းချမ်းသူတို့အားစစ်ဆေးရာ၎င်းတို့ညီအကိုနှစ်ဦးနှင့်ဦးလေးတော်စပ်သူချိုတူး(သေဆုံးသူ)တို့သုံးဦးမှာကားပစ္စည်းအရောင်းဆိုင်အားညဉ့်အချိန်လုယက်ရန်ကြံစည်ခဲ့ကြောင်း၊ သက်နိုင်စိုးမှာအချိန် နောက်ကျ ရောက်လာ၍စကားများရန်ဖြစ်ပြီးသက်နိုင်စိုးမှချိုတူးအားဓားဖြင့်ထိုး ထွက်ပြေးခြင်းဖြစ်ကြောင်း သိရသဖြင့် သက်သေခံ ပစ္စည်းများသိမ်းဆည်းပြီးသက်နိုင်စိုးနှင့်ငြိမ်းချမ်းသူတို့အား ဥပဒေနှင့်အညီအရေးယူနိုင် ရေးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ