နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သကြားသီးပင်က ပေးစွမ်းနိုင်သည့် ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ

ဩဂုတ်  ၂၁


အလေ့ကျပေါက်သည့် အပင်မျိုးဖြစ်သည့်အတွက်ကြောင့် မိမိပတ်ဝန်းကျင်တွင် မြင်တွေ့နေရသည့် အသီးအနီရောင်များသီးသည့် သကြားပင်သည် ဆေးဖက်ဝင်အပင်မျိုးဖြစ်သည်ကို သိရှိသူနည်းပါးသည်။  အသီးသီးခါစချိန်တွင် အစိမ်းရောင်ဖြစ်သော်လည်း မှည့်လာသည့်အခါ အနီရောင်ပြောင်းသွားသည်။ အခွံက ခပ်ပျော့ပျော့ရှိပြီး တစ်လုံးလုံးကို စားသုံးနိုင်သည်။ အဆိုပါသကြားပင်သည် ဖိလစ်ပိုင်နှင့်မက္ကဆီကို မျိုးရင်း ပင်များဖြစ်သည်။ အဆိုပါ သကြားသီးနီက ရရှိစေနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိနေသည်ကို သိရှိစေရန်အတွက် အောက်တွင်ဖော်ပြပေးထားသည်။ 

ဘက်တီးရီးယားပိုးများကို တိုက်ဖျက်ပေးနိုင်ခြင်း

သကြားသီးက ခန္ဓာကိုယ်ထဲကို ပြင်ပကဘက်တီးရီးယားများ မဝင်ရောက်နိုင်အောင် တိုက်ထုတ်ပေး နိုင်စွမ်းရှိသည်။ သကြားသီးတွင် ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်သည့် အာနိသင်ရှိသောကြောင့် ဘက်တီး ရီးယားများကြောင့် ဖြစ်စေတတ်သည့် ကူးစက်ရောဂါများကိုပါ တိုက်ဖျက်နိုင်စွမ်းရှိသည်။

ရောင်ရမ်းမှုကို သက်သာစေခြင်း

သကြားသီးက ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်သည့် သဘာဝအရောင် ကျဆေးတစ်မျိုးဖြစ်သည်။ သကြားသီးက အရောင်ကျဆေးများနီးပါး ထိရောက်မှုပေးစွမ်းသည့်အတွက်ကြောင့် ရောင်ရမ်းသူများ စားသုံးပေးသင့်သည်။  ဖျားနာခြင်းကိုလည်း သက်သာစေနိုင်သည့်အပြင် ဂေါက်ရောဂါကိုလည်း သက်သာစေနိုင်ကြောင်း သိရသည်။ အဆစ်အမြစ်ရောင်ရမ်းပြီး နာကျင်မှုကိုဖြစ်စေသည့် ဂေါက်ရောဂါသည် အမျိုးသားများတွင် အဖြစ်များပြီး အဆစ်၊ အရွတ်များ နှင့် အခြားတစ်ရှုးများကို ထိခိုက်စေနိုင်သည်။ အဆိုပါဂေါက်ရောဂါကို သကြားသီးက သက်သာစေနိုင်သည့်အတွက်ကြောင့် စားသုံးပေးသင့်သည်။ တစ်နေ့ သကြားသီး ၉ လုံးမှ ၁၂ လုံးအထိစားသုံးပေးခြင်းဖြင့် အရိုးအဆစ်များ ထိခိုက်နာကျင်ခြင်းကို သက်သာ စေနိုင်သည်။

ဦးနှောက်လုပ်ဆောင်မှုကိုကောင်းမွန်စေခြင်း

ဖလေဗာနွိုက်ကြွယ်ဝသည့် အစားအစာများက ဦးနှောက်၏ဖွံ့ဖြိုးမှုနှင့် လုပ်ဆောင်မှုများကောင်းမွန် အောင် အထောက်အကူပြုပေးသည်။ သကြားသီးတွင် အဆိုပါဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်နေသည့်အတွက် ကြောင့် သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေပြီး လူကြီးများတွင်ဖြစ်တတ်သည့် မေ့တတ်ခြင်းကိုလည်း သက်သာ စေနိုင်သည်။

ကင်ဆာရောဂါတိုက်ဖျက်ပေးနိုင်ခြင်း

သကြားသီးတွင်ပါသည့် Cytoxic Flavnoids က ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာတွင် ထိရောက် မှုရှိသည်။ အသီးတွင်သာမက သကြာသီးပင်၏ အရွက်ကပါ ကင်ဆာကိုတိုက်ဖျက်နိုင်စွမ်းရှိသည်။ ရင်သား ကင်ဆာကလွဲပြီး အခြားကင်ဆာရောဂါများကို တိုက်ဖျက်ရာတွင် များစွာအထောက်အကူပြုသည့်အတွက်ကြောင့် စားသုံးပေးသင့်သည်။

ယူရစ်အက်ဆစ်ကို လျှော့ချပေးခြင်း

သကြားသီးတွင် ခန္ဓာကိုယ်တွင်း၌ ယူရစ်အက်ဆစ်များ ပိုလျှံခြင်းမဖြစ်စေရန် ကာကွယ်ပေးနိုင်သည့် Anthrosyanin ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေသည့်အတွက်ကြောင့် ကိုယ်တွင်း ယူရစ်အက်ဆစ်ပမာဏကိုကျဆင်းစေနိုင်သည်။

ကင်ဆာကျိတ်ကို လျော့ပါးစေခြင်း

သကြားသီးတွင်ပါသည့် ဖလေဗာနွိုက်က ခန္ဓာကိုယ်တွင် ကင်ဆာကျိတ်များဖြစ်ပေါ်မှုကို တားဆီးပေးနိုင်စွမ်း ရှိသည့်အပြင် သကြားသီး၏ အရွက်နှင့်ပင်စည်တို့တွင်လည်း ကင်ဆာကျိတ်ကို တားဆီးနိုင်စွမ်း ရှိနေသည်။

အစာအိမ်ဝေဒနာကို သက်သာစေနိုင်ခြင်း

သကြားသီးတွင်ပါသည့် ဒြပ်ပေါင်းက အစာအိမ်လေထခြင်းကို သက်သာစေနိုင်သည်။ လေသက်စေနိုင် သည့်အပြင် ဓာတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပြီး ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာစေနိုင်သည်။

ဆီးချိုရောဂါသက်သာစေခြင်း

သကြားသီးက ချိုသည့်အရသာရှိသော်လည်း သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်စွမ်းရှိသည့် အတွက်ကြောင့် ဆီးချိုရောဂါသည်များအနေဖြင့် သကြားသီးကိုစားသုံးပေးသင့်သည်။ 

ဓမ္မတာရာသီလာစဉ်ကိုက်ခဲခြင်းကို သက်သာစေနိုင်ခြင်း

သကြားသီးတွင်သာမက သကြားသီးပင်၏ အပွင့်ကပါ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုဝေဒနာကို လျော့ပါး သက်သာစေနိုင်သည့်အတွက်ကြောင့် စားသုံးပေးသင့်သည်။ 

အမျှင်ဓာတ်ရရှိစေနိုင်ခြင်း

သကြားသီးတွင် ခန္ဓာကိုယ်အတွက်လိုအပ်သည့် ပျော်ဝင်လွယ်သည့် အမျှင်ဓာတ်များပါဝင်နေသည့်အတွက်ကြောင့် သွေးတွင်းအဆီနှင့် ကိုလက်စထရောကိုကျဆင်းစေနိုင်ပြီး ဝမ်းမှန်စေသည်။

အစာအိမ်အနာကို သက်သာစေနိုင်ခြင်း

အစာအိမ်အနာရှိသူများအနေဖြင့် သကြားသီးစားသုံးပေးသင့်သည်။ သကြားသီးက အစာအိမ်အနာကို သက်သာစေနိုင်သည့် သဘာဝဆေးတစ်မျိုးဖြစ်သည်။ သကြားသီးပင်က ရောင်ရမ်းနာကျင်မှုကိုလျော့ပါး သက်သာစေနိုင်သောကြောင့် အစာအိမ်ထဲက အနာများကိုလည်း သက်သာစေနိုင်စွမ်းရှိသည်။

ကိုယ်ခံအားကောင်းစေခြင်း

သကြားသီးတွင် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေနိုင်သည့်အတွက်ကြောင့် သွေးအားနည်းသူများလည်း စားသုံးပေးသင့်သည်။ သကြားသီးတွင် ဗီတာမင် C ပါဝင်သောကြောင့် အအေးမိ၊ချောင်းဆိုး၊ တုပ်ကွေးရောဂါများကဲ့သို့ ကိုယ်ခံအားနည်းခြင်းကြောင့်ဖြစ်စေတတ်သည့် ဝေဒနာများကို လျော့ပါးသက်သာစေနိုင်သည်။

နှလုံးကိုကျန်းမာစေနိုင်ခြင်း

သကြားသီးပင်အရွက်တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သောကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးနှင့်သက်ဆိုင်သည့် ရောဂါတို့ကို သက်သာစေနိုင်သည်။ သကြားသီးက နှလုံးနှင့်သက်ဆိုင်သည့် ဝေဒနာများ ဖြစ်မလာအောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိသည်။

ခေါင်းကိုက်သက်သာစေခြင်း

သကြားသီးတွင်မက အရွက်ကပါ အအေးမိတုပ်ကွေးဝေဒနာကြောင့်ဖြစ်သည့် ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင်သည်။ ခေါင်းကိုက်သည့်အခါ သကြားသီးကိုစားပေးခြင်းဖြစ်စေ အရွက်ကိုရေစင်အောင်ဆေးပြီး ရေနွေးထဲ ခတ်သောက်ခြင်းဖြစ်စေ ပြုလုပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။                     (WP)






အခြားဆက်စပ်သတင်းများ