နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာလကာသီး အစေ့တွင် ပါဝင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ

ဩဂုတ်  ၂၁


မာလကာသီးသည် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိသည့်အပြင် ဗီတာမင် C ၊ ဗီတာမင် A ၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နှင့် Thiamine တို့ပါဝင်သည်။ မာလကာသီးသည် လေပွ ခြင်းကို သက်သာစေပြီး အစာကြေလွယ်စေ၊ အရောင်ကျစေသည့်အပြင် ပဋိဇီဝပိုးမွှားများကိုလည်း သေစေ နိုင်သည်။

မာလကာသီးသည် ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အချဉ်ပေါက်ခြင်းတို့ကဲ့သို့  အစာချေဖျက်မှုဆိုင်ရာပြဿနာများကို သက်သာလျော့ပါးစေနိုင်သည်။ မာလကာသီး၏အခွံနှင့်အစေ့မှာ ရောင်ရမ်းမှုကို လျော့ကျစေပြီး ပဋိဇီဝပိုးမွှားများ သေစေနိုင်စွမ်းရှိသည့် Glycosides ၊ Carotenoids နှင့်အခြား Phenolic နှင့် Flavonoid ဒြပ်ပေါင်းများပါဝင်သည်။ ထို့ပြင် မာလကာသီးအစေ့မှရရှိနိုင်မည့် ဆေးဖက်ဝင် အာနိသင်တချို့ကိုလည်း ဖော်ပြလိုက်သည် -

(၁) သွေးတိုးကို ကျစေနိုင်ခြင်း

မာလကာသီးတွင်ပါဝင်သည့် ပိုတက်ဆီယမ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများမှာ သွေးဖိအားကိုကျစေသည့် ကျန်းမာရေးအကျိုးကျေးဇူးရှိသည်။

အဆိုပါဓာတ်ပစ္စည်းနှစ်မျိုးလုံးကို မာလကာသီး အသားမှာရော၊ အစေ့မှာပါ တွေ့ရနိုင်သည်။ မာလကာသီး တွင်ပါဝင်သည့် ပိုတက်ဆီယမ်ဓာတ်သည် ငှက်ပျောသီးထက် ပိုတက်ဆီယမ် ၆၀ ရာခိုင်နှုန်း ပိုများသည်။ 

ပိုတက်ဆီယမ်သည် သွေးနှင့် သွေးဖိအားကို ထိန်းညှိရာတွင်အကျိုးပြုနိုင်ပြီး မာလကာသီးအစေ့က ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများနှင့် Bio-active ဒြပ်ပေါင်းများ ကြွယ်ဝခြင်းကြောင့် သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်သည်။

(၂)  ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း

မာလကာစေ့၏ အကျိုးကျေးဇူးမှာ ဝမ်းချုပ်နေသည့်ပြဿနာကို ဖြေရှင်းပေးနိုင်စွမ်းရှိသည်။ အစေ့တွင် အမျှင်ဓာတ် ပါဝင်ခြင်းကြောင့် အူတွင်းလှုပ်ရှားမှုကို ကောင်းစေသည်။ ထို့အပြင် အစာအိမ်အချဉ်ပေါက်ခြင်းကို ကာကွယ်ပေးနိုင်သည်။

(၃) ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးခြင်း

မာလကာသီးသည် ကင်ဆာဆဲလ်များကို တားဆီးပေးပြီး ကင်ဆာဆဲလ်များဖြစ်ပေါ်မှုကို ဖြေရှင်းပေးနိုင် သည်။ ယင်းတွင် Lycopene အများအပြားပါဝင်မှုကြောင့်လည်း ဆီးကျိတ်ကင်ဆာဝေဒနာသည်များအတွက် ကောင်းမွန်စွာနေထိုင်နိုင်သလို ရင်သားကင်ဆာကိုလည်း ကာကွယ်ပေးသည်။

(၄) ကိုလက်စထရောကို ထိန်းချုပ်ပေးခြင်း

မာလကာစေ့သည် Polyunsaturated fatty acids များကြောင့် သွေးတွင်း ကိုလက်စထရောကို ထိန်းချုပ် ရာတွင် အထောက်အကူပေးသည်။ မာလကာစေ့များသည် အမျှင်ဓာတ်လည်း ကြွယ်ဝခြင်းကြောင့် အူအတွင်း သည်းခြေရည်စုပ်ယူခြင်းမှ ကာကွယ်ပေးပြီး သွေးတွင်းမှ ကိုလက်စထရောကိုလည်း လျှော့ချပေးသည်။

                                                                               

(သူရိန်)






အခြားဆက်စပ်သတင်းများ