နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကူမင်းမြို့အခြေစိုက်ကုမ္ပဏီတစ်ခုမှ မြန်မာနိုင်ငံအတွက် Mobile Toilet အလုံး (၂၀) ပေးအပ်လှူဒါန်း

ရန်ကုန် ဧပြီ ၂၀ COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကူမင်းမြို့အခြေစိုက် SPIC Yunnan International Power Investment Co., Ltd. (SPICYN) မှ မြန်မာနိုင်ငံသို့ Mobile Toilet အလုံး (၂၀) ပေးအပ်လှူဒါန်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။ အဆိုပါ Mobile Toilet လှူဒါန်းခြင်းအခမ်းအနားကို ဧပြီ ၂၀ ရက်၊ နံနက် ၁၀ နာရီက ကူမင်းမြို့ရှိ SPICYN ရုံးချုပ်တွင် ကျင်းပပြုလုပ်ရာ SPICYN ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Xu Shubiao မှ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ လှူဒါန်းလိုက်သည့် Mobile Toilet အလုံး (၂၀) ကို ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ ဧပြီ ၂၀ ရက်တွင် ကုန်းလမ်းမှ တစ်ဆင့် မြန်မာနိုင်ငံ၊ မူဆယ်မြို့ နယ်စပ်ဂိတ်အထိ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ SPICYN အနေဖြင့် မြန်မာနိုင်ငံ၏ COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ယွမ် (၁) သန်း တန်ဖိုးရှိ ဆေးနှင့်အထောက်အကူပြုပစ္စည်းများကိုလည်း ပေးအပ်လှူဒါန်းထားပြီး ဖြစ်ကြောင်း သိရှိရသည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ