ဩဂုတ် ၂၁
အမေရိကန်နိုင်ငံ၌ ကျင်းပမည့် Northern Trust ဂေါက်သီးရိုက်ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြောင်း ကမ္ဘာ့အဆင့် ၁ ဂေါက်သီးရိုက်ကစားသမားဟောင်း ကို့ပ်ကာက ပြောကြားခဲ့သည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ယင်းအနေဖြင့် ပါဝင်ယှဉ်ပြိုင်ရန် ဆန္ဒရှိနေသော်လည်း ဒူးဒဏ်ရာ ကြောင့် ပြိုင်ပွဲမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲ စီစဉ်သူများကလည်း ကို့ပ်ကာအနေဖြင့် ဒဏ်ရာပြဿနာကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ကို့ပ်ကာသည် အဆိုပါပြိုင်ပွဲမှ နုတ်ထွက်ခဲ့သော်လည်း ယူအက်စ်အိုးပင်း ဂေါက်သီး ရိုက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပစ်မှတ်ထားနေသည်။
ယင်းအနေဖြင့် ဒူးဒဏ်ရာကို လိုအပ်သောဆေးကုသမှုပြုလုပ်ပြီး ယူအက်စ်အိုးပင်း ဂေါက်သီးရိုက် ပြိုင်ပွဲအမီ ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်လျက်ရှိသည်။
ယူအက်စ်အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲသည် လာမည့်စက်တင်ဘာ ၁၉ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ယင်းနေ့မတိုင်မီ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ရေး ပြင်ဆင်နေကြောင်း ကို့ပ်ကာက ပြောကြားခဲ့သည်။
(သူရိန်)