ဩဂုတ် ၂၁
လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ သူတို့ရဲ့နည်းပြအသစ်ကိုကြေညာသွားခဲ့ပါပြီ။ ပရိသတ် အားလုံး ထင်မှတ်ထားတဲ့အတိုင်းပါပဲ၊ ဘာစီလိုနာရဲ့ ဂန္ထဝင်ကစားသမား ရော်နယ်လ်ကိုးမန်းကို နည်းပြသစ် အဖြစ်ခန့်အပ်လိုက်ပါပြီ။ အသက် ၅၇ နှစ်အရွယ်ရော်နယ်လ်ကိုးမန်းဟာ ကြီးမားတဲ့အောင်မြင်မှုတော့ မရရှိသေးပါဘူး။
ဒါပေမယ့် ဘာစီအပါအဝင် အသင်း ၁၀ သင်းကို နည်းပြလုပ်ခဲ့ဖူးပါတယ်။
ဒါကြောင့် အတွေ့အကြုံ တွေကတော့ မနည်းလှပါဘူး။ ဒါ့အပြင် နယ်သာလန်အသင်းကို ထိပ်သီးနိုင်ငံအသင်းဖြစ်အောင် စွမ်းဆောင် ပေးနိုင်ခဲ့တဲ့သူပါ။ နည်းပြသစ်ရော်နယ်လ်ကိုးမန်းဟာ ကျဆုံးနေတဲ့ဘာစီအသင်းရဲ့ ခေတ်သစ်တစ်ခုရောက်ဖို့ ဦးဆောင်ပေးရမှာပါ။ ဘာစီအသင်းဟာ ဘိုင်ယန်ကိုအရှုံးကြီးရှုံးခဲ့ပြီးနောက် အသင်းကိုလုံးဝပြုပြင်ပြောင်းလဲ ပစ်ဖို့ လုပ်ဆောင်သွားရမှာပါ။
ဒါကြောင့် စီနီယာကစားသမားများပါ ရောင်းထုတ်ရမယ့်စာရင်းထဲမှာပါနေပါတယ်။ ဒါကြောင့် ကိုးမန်းဟာ ဘာစီကိုသူ့စိတ်ကြိုက်ပြင်ဆင်ခွင့်ရရှိခဲ့တာကြောင့် ဘာစီထံ အားကစားသမားအသစ် သုံးဦးဝယ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီသုံးဦးကတော့ အေဂျက်ကွင်းလယ်လူ ဗန်ဒီဘိခ်၊ အဲဗာတန်ဗဟိုနောက်ခံလူ မိုက်ကယ်ကိန်းနဲ့ လိုင်ယွန်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဒီပိုင်းတို့ပဲဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဒီပိုင်းဟာ လိုင်ယွန်အသင်းရဲ့ အဓိက ကစားသမားတစ်ဉီးဖြစ်ကာ နယ်သာလန်လက်ရွေးစင်အသင်းမှာ ရော်နယ်လ်ကိုးမန်းနဲ့ လက်တွဲခဲ့ဖူးပါတယ်။ ကိုးမန်းက ဒီပိုင်းကို ဘာစီတိုက်စစ်အသင်းမှာ နေရာပေးကစားစေမှာပါ။
ဒီပိုင်းရဲ့ပြောင်းရွှေ့ကြေးအဖြစ် ဘာစီက ယူရို ၅၀ သန်း ဝန်းကျင်သုံးစွဲရနိုင်ပါတယ်။ မိုက်ကယ်ကိန်းကလည်း အဲဗာတန်အသင်းမှာလက်တွဲဖူးပါတယ်။ ကိန်းဟာ အသက် ၂၇ နှစ်ရှိနေပါပြီ၊ လက်ရှိအချိန် ကိန်းရဲ့ပြောင်းရွှေ့ကြေးက ယူရို ၂၀ သန်းဝန်းကျင်ဖြစ်ပေမယ့် ဘာစီကသာခေါ်ယူပါက ယူရို ၂၅ သန်းခန့်သုံးစွဲရမှာပါ။
(SO)