ဩဂုတ် ၂၁
နာမည်ကျော် ဗြိတိန်လက်ဝှေ့ကျော် ရှာနွန်ကုတ်တနေးကို တိုက်ခိုက်ရေးစခန်းမှာ ကျင်းပပြုလုပ်တဲ့ စူပါဘင်တန် လက်ဝှေ့ပြိုင်ပွဲမှာ တက်သစ်စလက်ဝှေ့မယ် ရေချယ်ဘောက အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ရှာနွန်ကုတ်တနေးကသာ ရေပန်းစားခဲ့တာပါ။ ဒါပေမယ့် ပြိုင်ပွဲမှာတော့ ရေချယ်ဘောက ဘယ်ဝိုက်လက်သီးချက်များနဲ့ အသာစီးကနေထိုးသတ်ခဲ့ပါတယ်။ ရှာနွန်ကုတ်တနေးကလည်း စတုတ္ထနှင့် ဆဋ္ဌမအချီတွေမှာ ပြိုင်ဘက်ကို ဒုက္ခတွေ့အောင်ထိုးသတ်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ရေချယ်ဘော က ၇၇-၇၅ ဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။ “ကျွန်မအရမ်းပျော်ပါတယ်။
ဒီနိုင်ပွဲကကျွန်မအတွက် အရာရာ ပြီးပြည့်စုံစေပါတယ်။ ကျွန်မလိုချင်တာထက်ပိုပြီး နီးနီးကပ်ကပ်တိုက်ခိုက်ခဲ့ရတဲ့ပွဲပါ။ ဒါပေမယ့် ကျွန်မ အနိုင်ရခဲ့ပါတယ်။ ထိပ်တန်းအဆင့်ကို ကျွန်မရောက်ချင်ပါတယ်။ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေ ကျွန်မယှဉ်ပြိုင် ချင်ပါတယ်”လို့ ရှာနွန်ကုတ်တနေးကို အမှတ်ဖြင့် အနိုင်ရခဲ့တဲ့ ရေချယ်ဘောကပြောပါတယ်။ ရေချယ်ဘောဟာ ကစ်ဘောက်ဆင်လောကမှ ရောက်ရှိလာပြီး လက်ဝှေ့မယ်ဘဝတွင် ခြောက်ပွဲအထိအနိုင်ရထားခဲ့ပါတယ်။
(SO)