နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြိုင်ဘက်ကို နောက်ကလိုက်ကစားပြီးမှ အနိုင်ရခဲ့တဲ့ ဆရီနာဝီလျံ

ဩဂုတ် ၂၁


ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ်ဟောင်း  ဆရီနာဝီလျံဟာ ခြောက်လအတွင်း  ပထမဆုံးပြန်ကစားတဲ့ပွဲစဉ် မှာ ပြိုင်ဘက်ဘာနာဒါပီရာကို နောက်ကလိုက်ကစားပြီး အနိုင်ရရှိခဲ့တယ်လို့သိရပါတယ်။


ဂရင်းစလင်းချန်ပီယံဆု ၂၃ ကြိမ်အထိရရှိထားတဲ့ အမေရိကန်အမျိုးသမီးတင်းနစ်မယ် ဆရီနာဝီလျံဟာ  ကန်တက်ကီမှာကျင်းပတဲ့ Top Seed Open  ပြိုင်ပွဲ ဒုတိယပွဲစဉ်မှာ ၄-၆၊ ၀-၄၊ ၄-၄ မှတ်နဲ့ အသည်းအသန် ရုန်းကန်ခဲ့ရပေမယ့်  ၂ နာရီနဲ့ ၁၅ မိနစ်အတွင်း  ၄-၆၊ ၆-၄၊ ၆-၁ ရမှတ်နဲ့ ပြန်လည်အနိုင်ရခဲ့ကြောင်း သိရှိရပါတယ်။  ထိုနိုင်ပွဲအတွက် ဝီလျံက “ကျွန်မသာ စိတ်ဆန္ဒရှိနေရင် ဒီထက်ပိုကောင်းအောင်ကစားနိုင် မယ်ဆိုတာ နားလည်ထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


ဝီလျံဟာ နောက်ပွဲစဉ်မှာ အစ်မဖြစ်သူဗီးနပ်ဝီလျံနဲ့ ဆုံတွေ့ရဖွယ်ရှိနေပြီး ကမ္ဘာ့နံပါတ်တစ်ဟောင်း  ဗီးနပ်ဝီလျံကလည်း ဗစ်တိုးရီးယားအဇန်ရန်ကာကို ၆-၃၊ ၆-၂ ရမှတ်နဲ့ အနိုင်ရခဲ့တာပါ။ ဆရီနာဝီလျံ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်က ဖေဖော်ဝါရီလမှာကစားခဲ့တဲ့ Fed Cup ပြိုင်ပွဲဖြစ်ပြီး ပထမဆုံး ခြောက်လအတွင်း ပထမဆုံးပြန်ကစားတဲ့ပွဲစဉ်မှာ ရှုံးပွဲနဲ့ကြုံရတော့မလိုဖြစ်ခဲ့ပေ မယ့် နောက်ပိုင်းမှာပြန်လည်အနိုင်ယူနိုင်ခဲ့ပါတယ်။


အခြားပွဲစဉ်မှာ အသက် ၁၆ နှစ်အရွယ် ကမ္ဘာ့အဆင့် ၅၃ ကိုကိုဂေါ့ဖ်က အမေရိကန်လူမျိုး ကာရိုလိုင်းဒိုလီဟိုက်ကို ၇-၅၊ ၇-၅ ရမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဆရီနာဝီလျံဟာ ယူအက်စ်အိုးပင်းနဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲများကိုလည်း ပါဝင်ယှဉ်ပြိုင် သွားမယ်ဆိုတာသိရပါတယ်။                                                          


   (SO)






အခြားဆက်စပ်သတင်းများ