နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Gmail နှင့် Google Drive အပါအဝင် G Suite app အချို့ ပြတ်တောက်မှုများဖြစ်ပွားခဲ့

ဩဂုတ် ၂၁


ဩဂုတ်လ ၁၉ ရက်တွင် Spotify ပြတ်တောက်သွားခဲ့ပြီးနောက် Google ကပါ သြဂုတ် ၂၀ ရက်တွင် ဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။ Downdetector ဝက်ဘ်ဆိုက်တွင်လည်း Google ဝန်ဆောင်မှုများ ပြတ်‌တောက် မှုကို ဩစတြေးလျ ၊ ဟန်ဂေရီ ၊ အိန္ဒိယ ၊ ကိုရီးယား ၊ ရုရှား ၊ စပိန် ၊ ထိုင်ဝမ်နှင့် အမေရိကန်တို့တွင်လည်း ဖြစ်ပွားခဲ့ကာ ပြည်တွင်း၌ပါ အချို့ mail များပို့ဆောင်ရာတွင် ပို့ဆောင်နိုင်ခြင်းမရှိခဲ့သည်များ ကြုံတွေ့ခဲ့ရသည်။


Google ကလည်း G Suite Status Dashboard တွင် ဝန်ဆောင်မှုအချို့ ပြတ်တောက်မှု ဖြစ်နေကြောင်း ဖော်ပြထား သည်။ G Suite Dashboard အရ ပြတ်တောက်သွားသည့် app များထဲတွင် Gmail ၊ Google Drive ၊ Google Docs ၊ Google Meet နှင့် Google Voice တို့လည်း ပါဝင်နေသည်။

 

"ကျွန်တော်တို့ ဒီပြဿနာကို ဆက်လက်စုံစမ်းနေပါတယ်။ ပြဿနာကို အဖြေရှာနိုင်တာနဲ့ update ပြန်တင်ပေးသွားပါမယ်။" ဟု Google ၏ dashboard တွင် ရေးထားသည်။ 


Engadget သတင်းတွင် ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများသည် login ဝင်မရသည့် ပြဿနာနှင့် ဖိုင် attachment တင်ခြင်း ပေးပို့ခြင်းများ ကြုံနေကြရသည်။ နောက်ထပ်အသစ်ရလာသည့် အချက်အလက်များအရ YouTube တွင်လည်း Upload တင်မရသည့် ပြဿနာများရှိနေကြောင်း  သိရသည်။                           


(WP)






အခြားဆက်စပ်သတင်းများ