နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမှုဖူလုံရေးအသိအမှတ်ပြု အာမခံလုပ်သားများကို လူမှုရေး အထောက်အပံ့ ငွေပေးမည်

ရန်ကုန် ဧပြီ ၂၀ နိုင်ငံနှင့်တစ်ဝှမ်း စက်မှုဇုန်အသီးသီးမှ စက်ရုံအလုပ်ရုံများ လုပ်ငန်းပြန်လည်ပတ်နိုင်ရန် COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး၏ သတ်မှတ်စံနှုန်းများ အတိုင်းလိုက်နာမှုရှိ၊ မရှိ စစ်ဆေးခြင်းဆောင်ရွက်နေသည့် ယခုကာလများတွင် လူမှုဖူလုံရေးအသိအမှတ်ပြု အာမခံလုပ်သားများကို လူမှုရေးအထောက်အပံ့ငွေအကျိုး ခံစားခွင့် မကြာမီပေးအပ်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) မှ သိရ သည်။ "အခုလို COVID-19 ရောဂါနဲ့ပတ်သက်ပြီး စက်ရုံတွေကို စစ်ဆေးနေတဲ့ကာလမှာ အာမခံလုပ်သား ဖြစ်တယ်ဆိုရင် လူမှုဖူလုံရေးအဖွဲ့ကနေပြီးတော့ "လူမှုရေးအထောက်အပံ့" အနေနဲ့အကျိုးခံစားခွင့်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုတာ ကြားသိရတယ်။ ဒါပေမဲ့ ငွေကြေးပမာဏဘယ်ရွေ့ဘယ်မျှ ပေးမယ်ဆိုတာတော့ သက်ဆိုင်ရာအစိုးရအနေနဲ့ တွက်ချက်နေတုန်းကာလဖြစ်လို့ ထုတ်မပြောသေးပါဘူး။ လာမဲ့ရက်အနည်းငယ် အတွင်းမှာ ဒါနဲ့ပတ်သက်ပြီး ညွှန်ကြားချက်ထွက်ပေးမယ်လို့ သိရတယ်"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။ ယခုအခါတွင် လှိုင်သာယာစက်မှုဇုန်တစ်ခုအနေဖြင့် လူမှုဖူလုံရေးအဖွဲ့ အသိအမှတ်ပြု အာမခံလုပ်သား ၇၀ဝ ဦးခန့်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အာမခံလုပ်သား ၈ သိန်းခန့်ရှိကြောင်း သိရသည်။ နိုင်ငံနှင့် တစ်ဝှမ်း လူမှုဖူလုံရေးအသိအမှတ်ပြု အာမခံလုပ်သားအရေအတွက်သည် စုစုပေါင်း ၁ ဒသမ ၄၆ သန်းရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) မှသိရသည်။ လက်ရှိတွင် နိုင်ငံနှင့်တစ်ဝှမ်း စက်မှုဇုန်အသီးသီးမှ စက်ရုံအလုပ်ရုံများ လုပ်ငန်းပြန်လည်ပတ် နိုင်ရန် COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး၏ သတ်မှတ်စံနှုန်းများ အတိုင်းလိုက်နာမှုရှိ၊ မရှိ စစ်ဆေးခြင်းကို ဧပြီ ၂၀ ရက် မှ ၃၀ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ကြောင်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဧပြီ ၁၉ ရက် တွင် ထုတ်ပြန်ထားကြောင်းသိရသည်။ "ဒီကာလမှာက အခက်အခဲတွေကတော့ ပေါင်းစုံနေတယ်။ အလုပ်ထုတ်ခံရတာတွေရော/ လုပ်သားအင်အား လျော့တာတွေရော/COVID-19 ကိစ္စတွေရော မျိုးစုံကိုဖြစ်နေပြီး အလုပ်သမားတွေလည်း တော်တော်နစ်နာမှု တွေရှိနေတယ်ပေါ့။ အလုပ်လက်မဲ့ပြဿနာကိုတော့ EU ရဲ့ရန်ပုံငွေနဲ့ မြန်/ကူ ရန်ပုံငွေ နဲ့ အလုပ်လက်မဲ့အထည်ချုပ် အလုပ်သမားတွေကို ကူညီပေးဖို့ဆောင်ရွက်နေတဲ့ အစီအစဉ်ရှိတယ်။ ဒါကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ကလည်းဆောင်ရွက်နေသလို မြန်/ကူ ထဲမှာပါတဲ့ အလုပ်သမားရေးဆောင်ရွက်နေတဲ့ Smart Myanmar တို့ MGMA တို့ကလည်း အတူတကွ ဆောင်ရွက်နေပါတယ်။ " ဟု အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ထပ်မံပြောသည်။ မင်းခ






အခြားဆက်စပ်သတင်းများ