နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်မြို့နယ် ၅ ရပ်ကွက် အေးရိပ်မွန် ၉လမ်း၊ တိုက် ၄ အား Lock Down ပြုလုပ်

ရန်ကုန် ဧပြီ ၂၀ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ၅ ရပ်ကွက် ၊ အေးရိပ်မွန် ၉ လမ်း ၊ တိုက် ၄ တွင်နေထိုင်ခဲ့သော Case 96 သည် ဆရာဝန်တစ်ဦးဖြစ်ပြီး အထက်ဖော်ပြပါ လိပ်စာတွင် ဧပြီ ၆ ရက်အထိနေထိုင်သွားခဲ့၍ တာချီ လိတ်မြို့ သို့‌လေယာဉ်ဖြင့် ပြန်သွားခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁၉ ရက်က ကျန်းမာရေးဌာနမှထုတ်ပြန်ချက်အရ ယင်းအား positive အတည်ပြုခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပေါ်ပါရှိသူများအားလည်း Quarantine ပြုလုပ်‌ဆောင်ရွက်ထားပါသည်။ ယင်းသည် Case 47 အား ဆေးကုသပေးခဲ့သူဖြစ်ကြောင်း မည်သည့်လက္ခဏာမှမပြ‌သော်လည်း Contact ဖြစ်၍ စစ်ဆေးမှု ခံယူခဲ့ကြောင်း ယင်းတိုက်ခန်းတွင်မနေသည်မှာ ၁၄ ရက်ရှိပြီဖြစ်‌ကြောင်း သိရှိရသည်။ သို့ဖြစ်ပါ၍ ယင်း နေထိုင်သွားခဲ့သော တိုက်အား တာဝန်ရှိသူများမှ ဧပြီ ၁၉ ည ၉ နာရီခွဲက ပိုးသတ်ဆေးများဖြန်းပေးပြီး Lockdown ချလိုက်ခြင်း ဖြစ်‌ကြောင်း သတင်းရရှိသည်။ သန္တာမေ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ