နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
TRADE SERVICES ဝန်ဆောင်မှု AYA ဘဏ်တွင်ရရှိနိုင်ပြီ

ရန်ကုန်  ဩဂုတ် ၂၀


နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ အချိန်နှင့်တပြေးညီ လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရန် ဧရာဝတီဘဏ်မှ ဝန်ဆောင်မှုများစွာကို  ဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်သည်။ သွင်းကုန်ဝန်ဆောင်မှုများ (Import Trade Services)သည် နိုင်ငံတကာဖြင့် ကုန်သွယ်ရာတွင် ပြည်တွင်းသို့တင်သွင်းလာသော ကုန်ပစ္စည်းများအတွက် ငွေပေးချေမှုပြုလုပ်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်သည်။


သွင်းကုန်လုပ်ငန်းရှင်များမှ ပြည်တွင်းသို့တင်သွင်းလာသော ကုန်ပစ္စည်းများအတွက် ငွေပေးချေရန် ငွေလွှဲစာတမ်း ဖွင့်လှစ်ခြင်း (Opening of Letter of Credit)၊ ငွေလွှဲစာတမ်းဖွင့်လှစ်ရာတွင် ယာယီဘဏ္ဍာရေးလိုအပ်ချက်ကို ဘဏ်မှ အထောက်အပံ့ပေးခြင်း(Margin Financing)၊ သွင်းကုန်အတွက် ကျသင့်ငွေပေးချေရန် ဘဏ္ဍာရေးအထောက်အပံ့ပေးခြင်း (Trust Receipt)၊ ပို့ကုန်လုပ်ငန်းရှင်မှ ကုန်သွယ်ခြင်းနှင့်ပတ်သက်သော စာရွက်စာတမ်းများကို ဘဏ်သို့လွှဲအပ်ပြီး ကောက်ခံရေးစနစ်ဖြင့် တောင်းခံခြင်း (Inward Documentary Collection)၊ ပို့ကုန်ဝန်ဆောင်မှုများ (Export Trade Services) ၊ နိုင်ငံတကာသို့ ကုန်ပစ္စည်းတင်ပို့ရာတွင် လိုအပ်သည့်လုပ်ငန်းစဉ်များကို အောက်ပါဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးနေပြီဖြစ်သည်။


လက်ခံရရှိသော ငွေလွှဲစာတမ်းကို ကုန်ပစ္စည်းတင်ပို့သူကို အကြောင်းကြားခြင်း (Letter of Credit Advising and Negotiation)၊ သ‌င်္ဘောမတင်မီနှင့် သင်္ဘောတင်ပြီး ဘဏ္ဍာရေးအထောက်အပံ့ပေးခြင်း (Pre and Post Shipment Financing)၊ ပို့ကုန်ရငွေကို ကောက်ခံပေးခြင်း (Outward Documentary Collections)၊ SWIFT Code ကို အသုံးပြု၍ ငွေလွှဲပေးပို့ခြင်းနှင့် လက်ခံခြင်း (SWIFT Telegraphic Transfer (TT))၊ နိုင်ငံတကာကုန်သွယ်မှုနှင့် အခြားသောဝန် ဆောင်မှုများအတွက် ပြည်ပသို့ငွေလွှဲခြင်းနှင့် လွှဲငွေလက်ခံခြင်းများကို SWIFT Code ကို အသုံးပြု၍ အချိန်နှင့်တပြေးညီ လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ပြီဖြစ်သည်။


လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားငွေစာရင်းမှငွေများကို ပြည်ပသို့ ငွေလွှဲပေးပို့ခြင်း (Outward SWIFT Telegraphic Transfer) ၊ ပြည်ပမှ လွှဲပို့သောငွေများကို မိမိ၏နိုင်ငံခြားငွေစာရင်းထဲသို့ ထည့်သွင်းပေးခြင်း၊ (Inward SWIFT Telegraphic Transfer)၊ ဘဏ်မှ ထုတ်ပေးသော အာမခံစာရွက်စာတမ်း (Bank Guarantee) လျှောက်ထားသူနှင့် လက်ခံသူကြား သဘောတူစာချုပ်ကို  ထောက်ပံ့ပေးရန် ဘဏ်မှအာမခံစာရွက်စာတမ်း ထုတ်ပေးခြင်း စသည့်ဝန်ဆောင်မှုများစွာကို ဆောင်ရွက်ပေးလျက်ရှိသည်။ အသေးစိတ်သိရှိလိုပါက အောက်ပါ Link https://www.ayabank.com/en_US/trade-services/ တွင် ဝင်ရောက်ကြည့်ရှုနိုင်သကဲ့သို့  01-2317777 ဖုန်းနံပါတ်သို့ လည်း ဆက်သွယ်မေးမြန်းနိုင်သည်။

  

(HWY)






အခြားဆက်စပ်သတင်းများ