နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
KBZ mBanking အသုံးပြုကာ နေပြည်တော်ရှိမြို့နယ်များတွင် မီတာဘေလ်များ ပေးဆောင်နိုင်ပြီ

ရန်ကုန် ဩဂုတ် ၂၀


KBZ mBanking Bill Payment မှတစ်ဆင့် နေပြည်တော်တွင် လျှပ်စစ်မီတာဘေလ်များ စတင်ပေးဆောင်နိုင်ပြီ ဖြစ်ကြောင်းကို kbz က ကြေညာထားသည်။ နေပြည်တော်မြို့ရှိ ဥတ္တရသီရိ မြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်၊ ဇမ္ဗူသီရိ မြို့နယ်နှင့် ပျဉ်းမနားမြို့ များအတွက် မီတာဘေလ်များကို အဆင်ပြေလွယ်ကူစွာ ပေးဆောင်နိုင်ပြီဖြစ်သည်။ 


ရန်ကုန်မြို့နယ်များအတွက် မီတာဘေလ်ဆောင်ရန် သတ်မှတ်ထားသောနောက်ဆုံးရက်မှ (၁) ရက် ကြိုတင်၍ သော်လည်းကောင်း၊ နေပြည်တော်နှင့် မန္တလေးမြို့နယ်များတွင် မီတာဘေလ်ပေးဆောင်ရန် သတ်မှတ်ထားသော နောက်ဆုံးရက်တွင် အစိုးရရုံးပိတ်ရက်ဖြစ်နေပါက သတ်မှတ်ထားသောနောက်ဆုံးရက်မှ (၂) ရက်ကြိုတင် ပေးဆောင်ကြရမည်ဖြစ်သည်။  မီတာဘေလ်ပေးဆောင်နိုင်သည့် မြို့နယ်များကိုသိရှိလိုပါက ဖော်ပြပါ https://www.kbzbank.com/en/meter-bill-payment/လင့်ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ