နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းတော်ဝင်မိသားစုကို ပြုပြင်ပြောင်းလဲမှုလုပ်ရန် တောင်းဆိုသည့် တက်ကြွလှုပ်ရှားသူ ဖမ်းဆီးခံရ

ဩဂုတ် ၂၀၊ ဗန်ကောက်


သြဇာကြီးမားသည့် ထိုင်းတော်ဝင်မိသားစုကို ပြုပြင်ပြောင်းလဲမှုလုပ်ရန် တောင်းဆိုသည့် ဆန္ဒပြပွဲနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ ရှေ့နေတစ်ဦးဖြစ်သည့် တက်ကြွလှုပ်ရှားသူ အေနွန်နမ်ပါကို ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။ ထို့အပြင် အခြားတက်ကြွလှုပ်ရှားသူ ငါးဦးအတွက်လည်း ဖမ်းဆီးမိန့်များ ထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံ၏ တော်ဝင်မိသားစုကို ဝေဖန်မှုမလုပ်နိုင်စေရန် တင်းကျပ်သည့်တော်ဝင်မိသားစုဥပဒေ၊ အခြားဥပဒေများဖြင့် ကာကွယ်ထားသည်။ သို့သော် ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း အစိုးရဆန့်ကျင်ရေး စုဝေးပွဲများတွင် ထိုင်းနိုင်ငံ၏ အခြေခံဥပဒေကို ပြောင်းလဲမှုလုပ်ရန် တောင်းဆိုခဲ့ကြသည်။ အသက် ၃၆ နှစ်ရှိသည့် အေနွန်နမ်ပါမှာ ယခုလအစောပိုင်းက ပထမဆုံးအနေဖြင့် ထိုင်းတော်ဝင်မိသားစုကို ပြောင်းလဲမှုလုပ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုကို ပုတ်ခတ်စော်ကားပါက တော်ဝင်မိသားစုဥပဒေအရ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

 

သို့သော် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက အဆိုပါဥပဒေကို အကျယ်တဝင့် အသုံးပြုလို ခြင်းမရှိသည့်အတွက် ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း အဆိုပါဥပဒေကို အသုံးပြုမှု နည်းပါးလာခဲ့သည်။ သို့ရာတွင် ထိုင်းအစိုးရက ယင်းတို့နှင့် သဘောထားကွဲလွဲသူများကို ပစ်မှတ်ထားရန်အတွက် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့် သွေးထိုးလှုံ့ဆော်မှုဥပဒေအပါအဝင် အခြားဥပဒေလမ်းကြောင်းများကို အသုံးပြုနေသည်ဟု လေ့လာစောင့်ကြည်သူများက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ