နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ် ၇၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ခြေချောင်းတော်ကို ရေခ

ဩဂုတ် ၂၀၊ ဘေဂျင်း


တရုတ်နိုင်ငံတွင် ရေကြီးရေလျှံမှုဖြစ်ပွား၍ ၁၉၄၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လုရှန်ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ခြေချောင်းတော်အထိ ရေခခဲ့သည်။ ဉာဏ်တော်အမြင့် ၇၁ မီတာရှိသည့် ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးကို အေဒီရှစ်ရာစုဝန်းကျင်က စီချွမ်ပြည်နယ်ရှိ ကျောက်ဆောင်မျက်နှာပြင်ကို ထွင်းထုပြီး တည်ထားကိုးကွယ်ခဲ့သည်။  ယူနက်စ်ကို၏ အမွေအနှစ်စာရင်းဝင်သည့် ဗုဒ္ဓရုပ်ပွားတော်ကြီး၏ဘေးတွင် ယန်ဇီမြစ် ဖြတ်သန်းစီးဆင်းနေသော်လည်း ပုံမှန်အားဖြင့် ရေခခံရလေ့မရှိပေ။ ယခုအချိန်တွင် နှစ် ၇၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ခြင်းကြောင့် ခြေချောင်းတော်ကို ရေခခဲ့သည်။ 


အဆိုပါဒေသတစ်ဝိုက်တွင်နေထိုင်သူ ၁၀၀၀၀၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရသည်။ရေမျက်နှာပြင် မြင့်တက်လာခြင်းကြောင့် ဗုဒ္ဓရုပ်ပွားတော် ကိန်းဝပ်စံပယ်ရာနေရာရှိ ကမ္ဘာလှည့်ခရီးသည် ၁၈၀ ကို ကယ်ဆယ်ခဲ့ရသည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်။ လုရှန်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်၏ ခြေချောင်းတော်မှာ လူတစ်ရပ်ထက် ပိုမြင့်ပြီး ၁၉၄၉ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် ရေခခဲ့သည်။ လုရှန်ဗုဒ္ဓရုပ်ပွားတော်၏ ခြေချောင်းတော်များ ရေခပါက အဆိုပါဒေသဒေသတစ်ခုလုံး ရေမြုပ်မည်ဆိုသည့် ဆိုရိုးစကားရှိကြောင်း ရှင်ဟွာသတင်းဌာနက ဖော်ပြသည်။ မိုးသည်းထန်စွာရွာသွန်းပြီး ရေမျက်နှာပြင် စံချိန်တင်မြင့်တက်ခဲ့ခြင်းကြောင့် စီချွမ်ပြည်နယ်တွင် အရေးပေါ်တုံ့ပြန်လှုပ်ရှားမှုကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ထားရပြီး ရေကြီးရေလျှံမှုများမှာ မကြာမီ ရပ်တန့်သွားမည့် အရိပ်အယောင် မတွေ့ရသေးပေ။


ယန်ဇီမြစ်ပေါ်တွင် တည်ဆောက်နေသည့် မဟာရေအားလျှပ်စစ်စီမံကိန်း၏ Three Gorges ဆည် အနောက်ဘက်တွင် ရေထုထည်ပမာဏအလွန်များပြားနေပြီဟု တရုတ်အရာရှိများက သတိပေးထားသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ