နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျူဗင်တပ်နည်းပြသစ်က ဒိုင်ဘာလာနဲ့ လက်တွဲဖြုတ်တော့မယ်

 ဩဂုတ်  ၂၀


အီတလီစီးရီးအေရဲ့ အင်အားကြီးအသင်းဖြစ်တဲ့ ဂျူဗင်တပ်ဟာ နည်းပြအပြောင်းအလဲမလုပ်ခင်မှာ ဒိုင်ဘာလာနဲ သက်တမ်းတိုးစာချုပ်ချုပ်ဖို့ လုပ်ဆောင်နေရင်း နည်းပြအသစ် ပီယာလိုရောက်ရှိချိန်မှာတော့ ဒိုင်ဘာလာနဲ့ စာချုပ်သက်တမ်းတိုးဖို့ကိစ္စတွေရပ်ဆိုင်းသွားခဲ့တာကြောင့် ဒိုင်ဘာလာကိုကမ်းလှမ်းလာမယ့် အသင်းရှိရင်တောင် ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူး ဒိုင်ဘာလာဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ခြေစွမ်းပြကစားခဲ့တဲ့ ကစားသမားတစ်ဦးပါ။ ၂၀၁၉-၂၀၂၀  စီးရီးအေပြိုင်ပွဲရဲ့ တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုကိုလည်း ရရှိထားသူပါ။


ဒါပေမယ့် ဂျူဗင်တို့ကတော့ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ သင့်တော်တဲ့ကမ်းလှမ်းမှုရှိပါက လက်ခံစဉ်းစားသွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒိုင်ဘာလာကိုလိုချင်နေတဲ့ အသင်းတွေက မန်ယူအသင်းနဲ့ စပါးအသင်းတို့ပါဘဲ။ ဒီနှစ်သင်းပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့ကြပေမယ့် ဒိုင်ဘာလာ ဂျူဗင်တပ်ကနေ မထွက်ခွာလိုတာကြောင့် ဆွေးနွေးမှုတွေပျက်ပြားခဲ့ရပါ တယ်။


ခုအချိန်မှာတော့ ဂျူဗင်တပ်အသင်းပေါ် ဒိုင်ဘာလာ စိတ်ပျက်နေပါပြီ။  ဂျူဗင်တပ်ရဲ့လုပ်ရပ်တွေကြောင့် မန်ယူနဲ့စပါးတို့သာ ထပ်မံကမ်းလှမ်းလာပါက ပြောင်းရွှေ့ဖို့ကို စိတ်အားတက်ကြွစွာနဲ့ လက်ခံမှာပါ။  ဥရောပရဲ့ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေကလည်း ဒိုင်ဘာလာ ဂျူဗင်တပ်ကို စွန့်ခွာဖို့သေချာသလောက်နီးနီး ဖြစ်နေ ပါပြီ။  စပါးအသင်းထက်စာရင် မန်ယူအသင်းက ဒိုင်ဘာလာကို ခေါ်ယူနိုင်ဖို့ ပိုမိုအခွင့်အလမ်းများနေတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။                                                                                                                             


   (SO)






အခြားဆက်စပ်သတင်းများ