နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုနှစ်အတွင်း ကျင်းပမည့် European Tour များတွင် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ဟု ဂျွန်ရမ် ပြော

ဩဂုတ်  ၂၀


စပိန်အဆင့် ၁ ဂေါက်သီးရိုက်ကစားသမား ဂျွန်ရမ်သည် ယခုနှစ်အတွင်း ကျင်းပမည့် European Tour များတွင် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဂျွန်ရမ်သည် COVID-19 ရောဂါကြောင့် European Tour ပြိုင်ပွဲများမှ ယခုနှစ်အတွက် အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


ဂျွန်ရမ်သည် ယခုနှစ်အတွင်းကျင်းပမည့် European Tour အမျိုးအစားပြိုင်ပွဲ သုံးခုတွင် လက်ရှိချန်ပီယံအဖြစ် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ယင်းပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ပြောကြားခဲ့ သည်။ ဂျွန်ရမ်က “လက်ရှိအခြေအနေအရ ဒီနှစ် European Tour ပြိုင်ပွဲတွေမှာ ကျွန်တော် ပါဝင်ယှဉ်ပြိုင်ဖြစ်မယ် မထင်ပါဘူး။ COVID-19 ရောဂါကြောင့် တစ်နေရာကနေ တစ်နေရာသွားဖို့အတွက် အဆင်မပြေတော့ပါဘူး။


ဘယ်သွားသွား၊ ဘယ်လာလာ Mask တပ်ရမယ့် အခြေအနေပါ။ တစ်ရက်ကို ၁၀ နာရီကျော်လောက် Mask တပ်ရမယ့် အခြေအနေက မလွယ်ကူတဲ့ကိစ္စပါ။ ကျန်းမာရေးလုံခြုံမှုကလည်း အာမခံချက်မရှိတဲ့အတွက် ပြိုင်ပွဲဝင်ဖို့ဆိုတာ စဉ်းစားရမယ့်ကိစ္စပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီနှစ် European Tour တွေမှာ ပါဝင် ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး”ဟု ပြောကြားခဲ့သည်။                                                                      


(သူရိန်)






အခြားဆက်စပ်သတင်းများ