နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ်အားကစားဆုရ လီဗာပူးလ်ညာနောက်ခံလူ

ဩဂုတ်  ၂၀


ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးခဲ့သလို တစ်နှစ်တာအကောင်းဆုံး လူငယ်အားကစားသမားဆုကိုလည်း  လီဗာပူးလ်ရဲ့ညာနောက်ခံလူ အလက်ဇန်းဒါး အာနိုးက ဆွတ်ခူးရရှိပြန်ပါတယ်။ အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ အာနိုးဟာပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီက လီဗာပူးလ်အတွက်  (၄) ဂိုးသွင်းယူပြီး (၁၃) ဂိုးဖန်တီးပေးကာ အသင်းချန်ပီယံဖြစ်အောင် ထောက်ကူပေးနိုင်ခဲ့ ပါတယ်။ 


ပရီးမီးယားလိဂ်တစ်နှစ်တာ လူငယ်အားကစားသမားဆုအတွက်  မန်ယူမှ ဂရင်းဝုဒ်၊ ဗားကပ်စ်ရပ်ရှ်ဖို့ဒ်၊  ချယ်လ်ဆီးမှ ပူလီဆစ်၊ မေဆင်မောင့်၊ အက်စ်ဘွန်ဗီလာမှ ဂရီယာလစ်ရှ်၊  ရှက်ဖီးယူနိုက်တက်မှ  ဒင်းဟန်ဒါဆင်တို့ ရေပန်းစားခဲ့ပေမယ့် လီဗာပူးလ်နဲ့အတူ  ၁၂ ပွဲပေးဂိုးမရှိခဲ့တဲ့ အာနိုးက အကောင်းဆုံးလူငယ်အားကစားသမားအဖြစ် ပရိသတ်များရဲ့  ဆန္ဒမဲဖြင့် ရွေးချယ်ခံခဲ့ရပါတယ်။


လူငယ်ကစားသမားအကောင်းဆုံးဆုကို အသက် ၂၃ နှစ်အောက် ကစားသမားများသာ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပါတယ်။ အာနိုးဟာ ပရီးမီးယားလိဂ်ရဲ့တစ်နှစ်တာ အကောင်းဆုံး အားကစား ဆုမှာလည်း ဆန်ကာတင်စာရင်းအထိပါဝင်ခဲ့ပါသေးတယ်။                                             


(SO)






အခြားဆက်စပ်သတင်းများ