နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
UEFA ရဲ့ စည်းကမ်းကို ချိုးဖောက်မိတဲ့ နေမာ ကံကောင်းမှ ဗိုလ်လုပွဲကစားခွင့်ရမှာပါ

ဩဂုတ်  ၂၀


အားကစားသမားတွေအားလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမခံရလေအောင် ဥရောပဘောလုံးအဖွဲ့ချုပ်က ဥရောပ ဘောလုံးပြိုင်ပွဲကြီးတွေ ပြန်လည်မစခင်ကတည်းက ကစားသမားအားလုံးလိုက်နာရမယ့် စာမျက်နှာ ၃၁ မျက်နှာပါတဲ့ စည်းကမ်းချက်တွေကို ထုတ်ဝေခဲ့ပါတယ်။ ဒီစည်းကမ်းချက်တွေချိုးဖောက်ရင်တော့ UEFA ရဲ့ အရေးယူအပြစ်ပေးမှုကို ခံရမှာပါ။


ချန်ပီယံလိဂ်ရဲ့ ဆီမီးဖိုင်နယ်ပွဲဖြစ်တဲ့ PSG နဲ့ လိုက်ပ်ဇစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ PSG က လိုက်ပ်ဇစ်ကို ၃-၁ နဲ့ နိုင်ခဲ့ပါတယ်။ ဒီနှစ်သင်းမှာ လိုက်ပ်ဇစ်ဟာ ဥရောပပြိုင်ပွဲအတွေ့အကြုံအနု နယ်ဆုံးအသင်းဖြစ်ပြီး PSG ကတော့ ဥရောပပြိုင်ပွဲအတွေ့အကြုံပိုများခဲ့ပါတယ်။ ဒါပေမယ့် PSG ဟာ လည်း ကလပ်အသင်းသမိုင်းမှာ ဒီနိုင်ပွဲနဲ့အတူ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက် ဖူးတဲ့အသင်းပဲဖြစ်ပါတယ်။


ဒီပွဲမှာ PSG ရဲ့ နောက်ခံလူ မာကွပ်ဟို့စ်၊ တောင်ပံကစားသမား ဒီမာရီယာနဲ့  ဟမ်ဘားနတ်တို့က ဂိုးတွေအသီးသီးသွင်းယူပေးခဲ့တာကြောင့် လိုက်ပ်ဇစ်ကို ဂိုးအပြတ်နဲ့အနိုင်ရပြီး  ဗိုလ်လု ပွဲကို တက်ရောက်ခဲ့တာပါ။ ပွဲပြီးဆုံးချိန်မှာ အသက် ၂၈ နှစ်ရှိတဲ့ PSG တိုက်စစ်ကစားသမား နေမာက လိုက်ပ်ဇစ်အသင်းရဲ့ ဘယ်နောက်ခံကစားသမား မာဆယ်ဟယ်လ်စတန်ဘတ်နဲ့ ဝတ်စုံချင်းလဲလှယ်ခဲ့တာကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ပြန်လည်စစ်ဆေးသွားဖွယ်ရှိနေပြီး ပြစ်မှုထင်ရှားတယ်ဆိုရင် ချန်ပီယံ လိဂ်ဗိုလ်လုပွဲမှာ ပွဲပယ်ခံရဖွယ်ရှိနေပါတယ်။


UEFA ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေထဲမှာ အားကစား သမားများရောဂါကူးစက်မခံရအောင်  ကစားသမားအချင်းချင်း လက်ဆွဲနှုတ်ဆက်ခြင်းတွေမလုပ်ဖို့၊ အဝတ်အစားတွေမလဲဖို့၊ Mask တပ်ဆင် ကြစို့စတဲ့စည်းကမ်းချက်တွေကို စည်းကမ်းချက်စာအုပ်ထဲမှာ  ဖော်ပြ ထားပါ တယ်။ ဒါပေမယ့် နေမာတစ်ယောက်ကတော့ ဟယ်လ်စတန်ဘတ်ချ်နဲ့အတူ ထင်ထင်ရှားရှားစည်းကမ်း ချိုးဖောက်ခဲ့တာပါ။ ဒိုင်လူကြီးတွေရှေ့မှာပင် အလဲအလှယ်လုပ်ခဲ့တာကြောင့် ဒိုင်များရဲ့ပွဲအပြီးအစီရင်ခံစာတွေမှာလည်း  သူတို့နှစ်ဦးစည်းကမ်းချိုးဖောက်မှုတွေ ပါဝင်လာနိုင်ပါတယ်။ နေမာဟာ ကွာတားဖိုင်နယ်ရော၊ ဆီမီးဖိုင်နယ်မှာပါ ဂိုးသွင်းယူနိုင်ခြင်းမရှိပေမယ့်  အသင်းအတွက် အကောင်းဆုံးကစားပေးခဲ့တာကိုတွေ့ခဲ့ရပါတယ်။             


(SO)






အခြားဆက်စပ်သတင်းများ