ရန်ကုန် ဩဂုတ် ၁၉
ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင် အသုံးပြုနိုင်ရန် ဂျပန်နိုင်ငံမှ မှာယူထားသော ၈၂ ပေ ရှည်သံလမ်းများ တင်ဆောင်လာသော သင်္ဘော MY GINTO V.125, 2997.035 Mts, 476-Bdis, 2380 Pas သည် ဩဂုတ် ၁၇ ရက် ညနေပိုင်းတွင် ဆူးလေဆိပ်ကမ်းအမှတ်(၅)သို့ ဆိုက်ရောက်ခဲ့ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။
''အခုရောက်တဲ့ သင်္ဘောက (၁၆)ကြိမ်မြောက်ရောက်တဲ့သင်္ဘောပါ။ တန်ချိန်ကတော့ ၃၀၀၂ တန်ပါပါတယ်။ သံလမ်းတစ်ချောင်းရဲ့အရှည်ကတော့ ၈၂ ပေရှည်ဖြစ်ပြီး ရန်ကုန်-မန္တလေးလမ်းပိုင်းအတွက် အသုံးပြုမှာဖြစ်ပါ တယ်။ စုစုပေါင်းသင်္ဘောအခေါက်ရေ ၂၂ ကြိမ်ရောက်ရှိမှာဖြစ်ပါတယ်"ဟု မြန်မာ့မီးရထား တိုင်းအမှတ်(၇)မှ ရုံပိုင်ကြီး ဦးတင်စိုးဝင်း(အထူးတန်း)က ပြောသည်။
JICA ၏တရားဝင်ဖွံ့ဖြိုးမှ အကူအညီချေးငွေနှင့် နိုင်ငံဘဏ္ဍာငွေမှ ကျခံသုံးစွဲ၍ ရန်ကုန်-မန္တလေး ရထားလမ်း ပိုင်းအား အဆင့်(၁)ရန်ကုန်-တောင်ငူ ၁၆၆ မိုင်နှင့် အဆင့်(၂) တောင်ငူ-မန္တလေး ၂၁၉ မိုင်ဟူ၌ အဆင့်နှစ်ဆင့်ခွဲ ခြားသတ်မှတ်ပြီး ရထားလမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
အောင်မြင့်ဌေး(မြို့တော်သတင်း)