နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီဒီယိုဂိမ်း ကစားခြင်းသည် မှတ်ဉာဏ်ပိုကောင်းစေနိုင်

ဩဂုတ် ၁၉


ဗီဒီယိုဂိမ်းဆော့ကစားခြင်းကို  လူကြီးအတော်များများက မကြိုက်နှစ်သက်သော်လည်း  လူငယ်တိုင်းနီးပါးက ဂိမ်းကစားခြင်းကို ဝါသနာပါကြသည်။ ဂိမ်းကစားခြင်းကြောင့် ဆိုးကျိုးများစွာရှိစေနိုင်သော်လည်း ကောင်းကျိုး များလည်းရှိနေသည်ကို သိရှိသူနည်းပါးသည်။ ဂိမ်းဆော့ခြင်းသည် လူတစ်ယောက်၏ ဖြတ်ထိုးဉာဏ်နှင့် မှတ်ဉာဏ်ကို ပိုကောင်းစေနိုင်သည်ကို လေ့လာတွေ့ရှိခဲ့ရကြောင်း Geekculture သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။


ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် WHO က ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ထဲတွင် ဗီဒီယိုဂိမ်းများသည် လူသား များအကျိုးအတွက် ရေရှည်တွင် နံပါတ် ၁ ရန်သူဖြစ်လာနိုင်ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်ကို gamer သမားအများစုက မကျေနပ်ခဲ့ကြပေ။  National Literacy Trust အဖွဲအစည်း က COVID 19 ကာလတွင် ဗီဒီယိုဂိမ်းဆော့သည့် လူအများစုကို စစ်တမ်းတစ်ခုကောက်ယူခဲ့ကြသည်။ ထိုစစ်တမ်းအရ ဗီဒီယိုဂိမ်း ဆော့ခြင်းက လူတစ်ယောက်၏ တွေးခေါ်နိုင်စွမ်းကို ပိုမြှင့်တင်ပေးနိုင်သည့်အပြင် ဖြတ်ထိုးဉာဏ်ကိုလည်း ကောင်းစေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။


ဂိမ်းကစားသူများ၏ ဖြတ်ထိုးဉာဏ်သည် သာမန်လူများထက် ပိုမိုကောင်းမွန်သည်ကို တွေ့ရှိခဲ့ရသည်။ သို့သော် အလွန်အကျွံဆော့ကစားပါက ဦးနှောက်ပျက်ဆီးစေတတ်သည့်အပြင် အမြင်အာရုံကိုပါ ထိခိုက်ပျက်စီးစေနိုင်စွမ်းများ လည်းရှိနေသည်။ ဂိမ်းကစားရာတွင် ဦးနှောက်ကို အလုပ်ပုံမှန်ထက်ပိုမိုစေခိုင်းစေသည့်သဘောကြောင့် စဉ်းစားရ သည်များ များလွန်းသည့်အတွက်ကြောင့် ဦးနှောက်ကောင်းစွာ အလုပ်မလုပ်နိုင်တော့ခြင်း၊ အာရုံစူးစိုက်စွာကြည့်ရှုမှု အချိန်များ ကြာမြင့်လာမှုများကြောင့်လည်း အမြင်အာရုံထိခိုက်ပျက်စီးစေခြင်းတို့ကို ဖြစ်စေခြင်းဖြစ်ကြောင်း သိရသည်။ 


(WP)






အခြားဆက်စပ်သတင်းများ