နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MPT က MPT4U Application သုံးစွဲသူပေါင်း (၁၄) သန်း ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် သုံးစွဲသူများအတွက် ဆုလက်ဆောင်များ ပြန်လည်ပေးအပ်

ရန်ကုန် ဩဂုတ် ၁၉


မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် သုံးစွဲသူ အတွေ့အကြုံကို အကောင်းဆုံးပေးအပ်နိုင်ခဲ့သည့် ၎င်း၏ MPT4U app သုံးစွဲသူပေါင်း (၁၄) သန်း ပြည့်မြောက် ပြီဖြစ်သည်။


MPT4U app ကို သုံးစွဲသူများအတွက်“ထိပေါက်” ကံစမ်းမဲအစီအစဉ်၊ Special Offer (ဒေတာ ပက်ကေ့ချ်များ)နှင့် အခြားသော MPT Club ၏ အကျိုးခံစားခွင့်များစသည်တို့ကို ဒေတာကုန်ကျစရိတ်မရှိဘဲ အသုံးပြုနိုင်ကြောင်းသိရသည်။


MPT သုံးစွဲသူများအားလုံးသည် ဩဂုတ်လ ၁၈ ရက် မှ စက်တင်ဘာလ ၇ ရက်အထိ ကျင်းပပြုလုပ်သွားမည့် အဆိုပါ အထူးကံစမ်းမဲအစီအစဉ်တွင် ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ပြီး ပါဝင်လိုဆင်နွှဲလိုသူများအနေဖြင့် MPT4U app ကို ဒေါင်းလုတ်ရယူပါ၊ MPT4U app တွင် ဝှက်ထားသည့် စာလုံး (၃) လုံးအား ရှာဖွေပါ၊ ဝှက်ထားသော စာလုံး (၃) လုံးကို တွေ့ရှိပါက MPT4U app ၏ ပင်မစာမျက်နှာသို့ သွားပါ။ ထို့နောက် Promotion Banner ကို နှိပ်ပြီး ရှာဖွေတွေ့ရှိထားသည့် စာလုံးများကို ဖြည့်သွင်း ပေးရမည်ဖြစ်သည်။


အဆိုပါဝှက်ထားသည့် စာလုံး (၃) လုံးကို မှန်ကန်စွာရှာဖွေတွေ့ရှိပြီး ဖြည့်သွင်းပေးပို့သူများသည် အဆိုပါ ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်နိုင်မည် ဖြစ်သည်။ ဆုရရှိသူကံထူးသူများကို စက်တင်ဘာလ တတိယပတ်အတွင်းတွင် ရွေးချယ်ကြေညာပေးသွားမည် ဖြစ်ပြီး MPT Money မှ ငွေသားဆု ရရှိသူများကို အထူးဆု ပေးအပ်ချီးမြှင့်ရန်အတွက် MPT မှ ဆက်သွယ် အကြောင်းကြားသွားမည် ဖြစ်သည်။


သုံးစွဲသူများအနေဖြင့် MPT ၏ “ရှယ်လန်း ရှယ်လန်းကမ္ဘာ” ထဲကို ဝင်ရောက်ပြီး အဆင့်မြှင့်တင်ထားသည့် 4G/LTE ကွန်ရက်ပေါ်တွင် လျင်မြန်မှု၊ လုံခြုံစိတ်ချရမှုတို့နှင့်အတူ လူမှုကွန်ရက်များ သုံးစွဲခြင်း၊ အင်တာနက်မှ တစ်ဆင့် ဗီဒီယိုများကို တိုက်ရိုက်ကြည့်ရှုနိုင်ခြင်းနှင့် အွန်လိုင်းဂိမ်းကစားခြင်းစသည့် ဒီဂျစ်တယ် လုပ်ဆောင် ချက် များဖြင့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ပြီဖြစ်သည်။


MPT သုံးစွဲသူများအနေဖြင့် MPT4U App ကို *4040# သို့ခေါ်ဆိုကာ ဒေါင်းလုတ်ရယူနိုင်သည့် အပြင် iOS နှင့် Android ဗားရှင်းများအတွက် MPT4Ufree လင့်ခ် မှလည်း တိုက်ရိုက် ဒေါင်းလုတ်ရယူနိုင်ကြောင်းသိရသည်။


အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်းသိရသသည်။ 


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ