နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်ပစ္စည်းများ အရည်အသွေးမီ သုံးစေချင်

ရန်ကုန်   ဩဂုတ်  ၁၉


ရန်ကုန်မြို့တွင် မိုးရွာသွန်းမှုကြောင့် အေးမြသောရာသီဖြစ်သော်လည်း ဩဂုတ် ၁၇ ရက်က စမ်းချောင်း မြို့နယ် ဘာဝနာလမ်းတွင်လည်းကောင်း၊ ဩဂုတ် ၁၉ ရက်တွင် ရန်ကုန်သစ်ရပ်ကွက်၊ ဘုရင့်နောင် ၁၁ လမ်းတို့ တွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်မှုကြောင့် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ပေသည်။ နှစ်စဉ်မီးလောင်မှုကြောင့် မလိုလား အပ်သော အသက်၊ အိုးအိမ်၊ စည်းစိမ် ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လျက်ရှိသည့် အကြောင်းရင်းတွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူများ ပေါ့ဆမှု၊ စံချိန်မီ လျှပ်စစ်ပစ္စည်းများ အရည်အသွေးအာမခံလျှပ်စစ်ပစ္စည်းများ သုံးစွဲမှုနည်းပါးပြီး အရည်အသွေးမမီ လျှပ်စစ် ပစ္စည်း အသုံးအဆောင်ပစ္စည်းများ၏ အားနည်းချက်လည်း ပါဝင်သည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှလည်း လျှပ်စစ်အသုံးပြုသူများ သတိပြုလိုက်နာရမည့် အချက်အလက်များကို အသိပေးထုတ်ပြန်ထားသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် လျှပ်စစ်ဝါယာရှော့ဖြစ်ခြင်း၊ လျှပ်စစ်ဓာတ်အားပမာဏ ပိုမိုလွန်ကဲစွာ ဖြစ်ပေါ်ခြင်းနှင့် ချို့ယွင်းပျက်စီးနေသော လျှပ်စစ်ကိရိယာများ သုံးစွဲခြင်းမှ အပူနှင့် မီးပွားများ ဖြစ်ပေါ်ခြင်းတို့ ကြောင့် မီးလောင်မှုဖြစ်ပွားခြင်း၊ စံချိန်စံညွှန်းကိုက်ညီကောင်းမွန်သည့် လျှပ်စစ်ဝါယာကြိုးများ သုံးစွဲခြင်း၊ မီးအားမြှင့်စက်သုံးစွဲပါက အတင်အချသတိပြုရန်နှင့် မီးအားထိန်းကိရိယာချို့ယွင်းပါက လဲလှယ်တပ်ဆင်ခြင်း၊ လျှပ်စစ်ပစ္စည်းများကို တပ်ဆင်သုံးစွဲရာတွင် မီးဒဏ်ခံနိုင်သောနေရာတွင် တပ်ဆင်ရန်နှင့် မီးလောင်လွယ်သော ပစ္စည်းများအနီးတွင် မထားရန် လိုအပ်သည်။

လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် ဟောင်းနွမ်းနေသော လျှပ်စစ်ကြိုးများကို လဲလှယ်ခြင်း၊ လျှပ်စစ် ဒဏ်ခံကြိုးများ သတ်မှတ်သည့် စံနှုန်းအတိုင်း တပ်ဆင်ရန်နှင့် ခံနိုင်အားထက် ပိုမထည့်သွင်းရန်၊ လျှပ်စစ်မီးဖို၊ မီးပူများ သုံးစွဲပြီးလျှင် မီးပျက်လျှင် ခလုတ်ကိုပိတ်ပြီးမှ ပလတ်ခေါင်းဖြုတ်ရန်၊ ဝါယာရှောခ့်ဖြစ်ပါက ပင်မ မိန်းခ လုတ်ပိတ်ပြီး ခြောက်သွေ့သော အဝတ်၊ ပိတ်စတို့ဖြင့် ရိုက်ပုတ်ဖုံးအုပ် ငြှိမ်းသတ်ရန်၊ ချို့ယွင်းနေသော လျှပ်စစ် ပစ္စည်းကိရိယာများကို မသုံးစွဲရန် လျှပ်စစ်သုံးစွဲသူများ သတိပြုလိုက်နာရန် သက်ဆိုင်ရာက အသိပေးထားသည်။

ဈေးကွက်အတွင်း အရည်အသွေးမမီ လျှပ်စစ်ပစ္စည်းများ ရောင်းချခြင်းသည် မီးလောင်ရာ လေပင့်သည့် လုပ်ရပ်ဖြစ်သည်။ သက်ဆိုင်ရာက ကြပ်မတ်စစ်ဆေးသုံးစွဲနိုင်ရေး ဆောင်ရွက်သင့်သည်။ လျှပ်စစ်ဓာတ်အား သုံးစွဲသူများအနေဖြင့် ဆင်ခြင်လိုက်နာ ပူးပေါင်းကူညီရန် လိုအပ်သည်ဟု ဆိုချင်ပါကြောင်း ။      ။






အခြားဆက်စပ်သတင်းများ