နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ဘနွန်ဝန်ကြီးချုပ်ဟောင်းကို သတ်မှုအတွက် အမျိုးသားတစ်ဦးကို အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်

ဩဂုတ် ၁၉၊ ဘေရွတ်


၂၀၀၅ ခုနှစ်က ဘေရွတ်မြို့တွင် လက်ဘနွန်ဝန်ကြီးချုပ်ဟောင်းကို သတ်မှုဖြင့် စွဲချက်တင်ခံထားရသည့် အမျိုးသားလေးဦးအနက်တစ်ဦးကို ကုလသမဂ္ဂက ထောက်ခံထားသည့် အထူးတရားရုံးက အပြစ်ရှိ ကြောင်း စီရင်ချက်ချမှတ်ခဲ့သည်။ ဆာလင်းအေယက်ရှ်နှင့် အခြားသူသုံးဦးကို ၂၀၁၄ ခုနှစ် ကတည်းက မျက်ကွယ်ပြစ်ဒဏ်ဖြင့် ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယင်းတို့လေးဦးလုံးမှာ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်များဖြစ်သည်။ လက်ဘနွန်နိုင်ငံ၏ အထင်ရှားဆုံး ဆွန်နီမွတ်စလင် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ရာဖစ်ဟာရီရီ အသတ်ခံရမှုကြောင့် လက်ဘနွန်နိုင်ငံတစ်ဝန်း နာကျည်းခံပြင်း မှုများ ဖြစ်ပေါ်စေခဲ့သည်။ လက်ဘနွန်နိုင်ငံတွင် နက်နဲပွေလီသည့် နိုင်ငံရေးအကျပ်အတည်း ကြုံနေရချိန်တွင် ဆာလင်းအေယက်ရှ်ကို စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 


စီရင်ချက်ချမှတ်မှုကို လက်ခံသော်လည်း ကြားနာစစ်ဆေးမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက် များ ပိုမိုဖော်ပြပေးရန် မျှော်လင့်မိသည်ဟု ရာဖစ်ဟာရီရီ၏ သားဖြစ်သူ ဆက်ဒ်ဟာရီရီ( လက်ဘနွန်ဝန်ကြီးချုပ် ဟောင်း)က ပြောသည်။ ဆာလင်းအေယက်ရှ်မှာ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်က အသေခံကားဗုံးခွဲ တိုက်ခိုက်မှုတွင် ဟာရီရီနဲ့ အခြားသူ ၂၁ ဦးကို သတ်ခဲ့ပြီး နောက်ထပ် လူ ၂၂၆ ဦးကို သတ်ဖြတ်ရန် ကြိုးပမ်းသည့် အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ရာတွင် ပူးပေါင်းကြံစည်ခဲ့သည်ဟု အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ သက်သေအထောက်အထားများအရ ရာဖစ်ဟာရီရီကို လုပ်ကြံခဲ့သည့်အဖွဲ့ အသုံးပြုသော ဖုန်း ၆ လုံးအနက် တစ်လုံးမှာ ဆာလင်းအေယက်ရှ် ပိုင်ဆိုင်ကြောင်း တွေ့ရသည်ဟု တရားသူကြီးများက ဆိုသည်။ ဆာလင်းအေယက်ရှ်နှင့်အတူ စွဲချက်တင်ခံရသည့် တရားပြိုင် ၃ ဦးကို လက်ဘနွန်နိုင်ငံ အထူးခုံရုံးက တရားသေလွှတ်ပေးခဲ့သည်။ ရာဖစ်ဟာရီရီကို လုပ်ကြံမှုတွင် အဓိက ကြိုးကိုင်ခဲ့သူမှာ ဟစ်ဇ်ဘိုလာအဖွဲ့ခွဲ၏ ခေါင်းဆောင် ဘာဒရက်ဒင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဆီးရီးယားနိုင်ငံတွင် အသတ်ခံခဲ့ရပြီးနောက် စွဲချက်မှ ဖယ်ထုတ်ခံခဲ့ရသည်။ 

                   

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ