နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်နိုင်ငံ၏ လုပ်ငန်းခွင်အများစုတွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရန် အမိန့်ထုတ်ပြန်မည်

ဩဂုတ် ၁၉၊ ပါရီ


ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်လာခြင်းကြောင့် ပြင်သစ်နိုင်ငံရှိ လုပ်ငန်းခွင် အများစုတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရန် အမိန့်ထုတ်ပြန်တော့မည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ အဆိုပါစည်းမျဉ်းသစ်မှာ အလုပ်သမားတစ်ဦးထက်ပိုရှိသည့် ရုံးခန်းများ၊ စက်ရုံများ၏ ဘုံအသုံးပြုသည့် နေရာအားလုံးတွင် အကျုံးဝင်ဖွယ်ရှိသည်။ စက်တင်ဘာလ ၁ ရက်မှစတင်ပြီး စည်းမျဉ်းသစ် စတင်ကျင့်သုံးမည်ဖြစ်ပြီး တစ်ဦးသုံး သီးသန့်ရုံးခန်းများကို ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လနောက်ပိုင်းကတည်းက ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး နှာခေါင်းစည်းများကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။ ပြီးခဲ့သည့် ရက်သတ္တသုံးပတ်အတွင်း ပျမ်းမျှ လူနာသစ်တွေ့ရှိမှုနှုန်း နှစ်ဆမြင့်တက်ခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ကိုရိုနာဗိုင်းရပ်စ်လူနာသစ် ၂၀၀၀ အထိ ရှိလာခဲ့သည်။


ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၅၆၀၀၀ ရှိနေပြီး သေဆုံးသူ ၃၀၀၀၀ ကျော် ရှိနေသည်။ ရောဂါကူးစက်မှု ဖြစ်ပွားရာ နေရာသစ် လေးပုံ၊ တစ်ပုံနီးပါးမှာ ကျန်းမာရေးကဏ္ဍမဟုတ်သည့် လုပ်ငန်းခွင်များနှင့် ဆက်နွှယ်နေသည်ဟု ကျန်းမာရေးအရာရှိများက သုံးသပ်ထားသည်။ ပြင်သစ်အစိုးရက ဘတ်ဂျက်လိုငွေပြမှု ၁၁ ရာခိုင်နှုန်းကို ဖြည့်ဆည်းနိုင်ရေးအတွက် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန် တိုက်တွန်းအားပေးခဲ့ပြီးနောက် ကူးစက်မှုသစ်များ မြင့်တက်လာခဲ့ခြင်းဟု ပြင်သစ်နိုင်ငံဆိုင်ရာ ဘီဘီစီသတင်းတာဝန်ခံက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ