နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရေးပေါ်ခရီးသွားလာရန် လိုအပ်ချက်များအတွက် Air KBZ အနေဖြင့် ပြည်တွင်းခရီးစဉ်အချို့ကို ပြန်လည်ပြေးဆွဲသွားမည်

ရန်ကုန် ဧပြီ ၂၀ ပြည်တွင်းလေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲမှုများကို ယာယီရပ်နားထားသော်လည်း ခရီးသွား မိဘပြည်သူများ၏ နေရပ်ဒေသအသီးသီးသို့ပြန်ရန်နှင့် မဖြစ်မနေခရီးသွားလာရန်စသည့် အရေးပေါ် လိုအပ်ချက်များအတွက် Air KBZ အနေဖြင့် ဧပြီ ၁၉ ရက်မှ ၃၀ ရက်အတွင်း ပြည်တွင်းခရီးစဉ်အချို့ကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးသည်များအတွက် ဘေးကင်းလုံခြုံစိတ်ချရသောခရီးစဉ်များဖြစ်စေရန် တတ်စွမ်းသမျှ အကောင်းဆုံး ကြိုတင်ကာကွယ်၍ ဆောင်ရွက်လျက်ရှိသကဲ့သို့ ခရီးသည်များအနေဖြင့်လည်း ချမှတ်ထားသော ကြိုတင် ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန် လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်သည်။ ခရီးစဉ်ရပ်နားထားသောရက်များအတွက် လက်မှတ်ဝယ်ယူထားသောခရီးသည်များအနေဖြင့် ဧပြီ ၁၉ ရက် နှင့် အဆိုပါရက်နောက်ပိုင်း ခရီးစဉ်ပြေးဆွဲသည့်ရက်များသို့ ထိုင်ခုံနေရာရရှိမှုပေါ်မူတည်၍ အခမဲ့ တစ်ကြိမ် ရက်အပြောင်းအလဲပြုလုပ်ပေးသွားမည်ဖြစ်ပြီး ခရီးသည် လက်မှတ်ဝယ်ယူစဉ် လေကြောင်းလိုင်းမှ လက်ခံရရှိထားသော တန်ဖိုးငွေအတိုင်း ငွေအပြည့်ပြန်အမ်းပေးသွားမည်ဖြစ်သည်။ ထို့ပြင် Online Travel Agents (OTA) အပါအဝင် Travel Agents (အရောင်းကိုယ်စားလှယ်များ) မှတစ်ဆင့် လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် ရက်အပြောင်းအလဲပြုလုပ်ခြင်းနှင့် ပြန်အမ်းငွေ လျှောက်ထားခြင်းများကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် လျှောက်ထားနိုင်မည် ဖြစ်သည်။ (WP)






အခြားဆက်စပ်သတင်းများ