နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာကတော့ ကစားသမားဟောင်းကြီးဖြစ်တဲ့ ရော်နယ်ကိုးမန်းကိုသာ နည်းပြခန့်တော့မယ်တဲ့

ဩဂုတ်  ၁၉


ဘာစီအသင်းဟာ ချန်ပီယံလိဂ်ကွာတားမှာ ဘိုင်ယန်ကို အရှုံးကြီးရှုံးခဲ့ပြီးတဲ့နောက် အသင်းကို ပြောင်းလဲမှုတွေများစွာ လုပ်ဆောင်သွားဖို့ ဥက္ကဋ္ဌကိုယ်တိုင် စီစဉ်ဆောင်ရွက်နေပါပြီ။ ဘာစီရဲ့လက်ရှိနည်းပြ ကီကေးဆက်တီယန်ကို ထုတ်ပယ်ပြီး စပါးနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြခန့်အပ်မယ်လို့ သတင်း တွေပျံ့နှံ့နေခဲ့ပါတယ်။ 


ဒီကာလမှာ ပိုချက်တီနိုနဲ့ ဘာစီဥက္ကဋ္ဌ ဘာတိုမြူတို့ဟာ ညစာအတူစားတာတွေလုပ်ဆောင်နေတာကိုလည်း ကြားသိရတာကြောင့်  ဘာစီကို ပိုချက်တီနိုရောက်ဖို့သေချာသလောက်ပါလို့ထင်ခဲ့ကြပါတယ်။ ဒါပေမယ့်  ပိုချက်တီနိုဟာ တစ်ချိန်က ဘာစီလိုနာကို နည်းပြမယ့်အစား အာဂျင်တီးနားပြန်ပြီး လယ်စိုက်စားမယ်ဆိုတဲ့ စကားတွေပြောကြားခဲ့ဖူးပါတယ်။ 


နောက် အက်စ်ပန်ညိုအသင်းကို နည်းပြခဲ့တာ တွေ၊ ဘာစီရဲ့စီနီယာကစာသမားတွေဟာ ပိုချက်တီနိုနည်းပြအဖြစ် ရောက်လာမှာတွေကို မလိုလားသဘော မကျတဲ့ အပြင် ဘုတ်အဖွဲ့ဝင်အချို့ကလည်း သဘောမကျတာတွေစတဲ့ စတဲ့ အကြောင်းကြောင်းတွေကြောင့် ဘာစီဥက္ကဋ္ဌက ပိုချက်တီနိုကို နည်းပြမခန့်တော့ဘဲ၊ ဘာစီရဲ့ကစားသမားဟောင်း ရော်နယ်ကိုးမန်းကို ဘာစီ နည်းပြအဖြစ် ခန့်အပ်တော့မယ်လို့ သတင်းတွေထွက်ရှိလာခဲ့ပါတယ်။


အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ကိုးမန်းဟာ ဘာစီနဲ့အတူကစားစဉ်က အောင်မြင်မှုတွေရခဲ့သလို နည်းပြ ဘဝမှာလည်း  ဆုဖလားတွေရရှိထားပါတယ်။ ဘာစီနဲ့အတူ နာမည်ကျော်ခဲ့တဲ့ တီကီတာကာ ကစား ဟန်တွေ သူကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းမှာ ကျန်ရစ်ခဲ့ပါတယ်။ ဘာစီဘုတ်အဖွဲ့ဝင်တွေကလည်း သဘောကျ၊ ကိုးမန်းကလည်း ဘာစီကိုကိုင်တွယ်ချင်ကြောင်း ဖွင့်ဟထားခဲ့တာတွေကြောင့် ဘာစီတို့ ကိုးမန်းကိုနည်းပြအဖြစ် ခန့်အပ်ဖို့သဘောတူခဲ့ကြပါပြီ။ Sky Sports သတင်းဌာနအဆိုအရတော့  ဘာစီတို့ ကိုးမန်းနဲ့ဆွေးနွေးနေပါပြီ။  အဆင်မပြေမှသာ ပိုချက်တီနိုကို ပြောင်းဆွေးနွေးမယ်လို့ ဆိုထားပါတယ်။ ဘာစီအနေနဲ့လည်း နည်းပြ ဆက်တီယန်ကို တရားဝင်ထုတ်ပယ်ပြီးမှသာ နည်းပြသစ်ကို ထုတ်ဖော်ကြေညာသွားမှာပါ။                 


    

(SO)






အခြားဆက်စပ်သတင်းများ