နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်လျှပ်စစ်မန်နေဂျာရုံး ငွေလက်ခံကောင်တာများဖွင့်လှစ် ဓာတ်အားခပေးသွင်းသူများ Covid-19 ရောဂါကာကွယ်ရေးဆောင်ရွက်

အမာ ဧပြီ ၁၁ မန္တလေးခရိုင်အတွင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများရှိ ဓာတ်အားခပေးသွင်းရန် ငွေလက်ခံကောင်တာ များကို ဧပြီ ၁၈ ရက်မှ ၂၈ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိသည်။ ဓာတ်အားသုံးစွဲသူပြည်သူများ မီတာခလာရောက်ပေးဆောင်ရာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး Mask တပ်ဆင်လာရန်နှင့် ငွေသွင်းရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် ရုံးအတွင်း သတ်မှတ်နေရာအတိုင်း နေရာ ယူပေးခြင်းဖြင့် ကူညီရန်၊ ငွေမပေးသွင်းမီလက်ကိုဆပ်ပြာနှင့်သေချာစွာဆေးကြောပေးရန် မေတ္တာရပ်ခံထားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှလည်း နေ့စဉ် နံနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ပိုးသတ်ဆေးများဖျန်းပေးလျက်ရှိကြောင်း တွေ့ရစဉ်။ မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ