နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ရှိချန်ပီယံတင်းနစ်မယ် ဘီယန်ကာအန်ဒရီစကူး ယူအက်စ်အိုးပင်းပြိုင်ပွဲမဝင်တော့

ဩဂုတ်  ၁၉


ယူအက်စ်အိုးပင်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်သူ ကနေဒါတင်းနစ်မယ် ဘီယန်ကာအန်ဒရီစကူးက ဒီနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှုမလုပ်တော့ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။


အသက် ၂၀ အရွယ်ရှိ ဘီယန်ကာအန်ဒရီစကူးဟာ ယမန်နှစ် အောက်တိုဘာကကျင်းပခဲ့တဲ့  WBA ဗိုလ်လုပွဲစဉ်များမှာ  ပါဝင်ယှဉ်ပြိုင်ရင်းဒူးဒဏ်ရာရရှိခဲ့တာကြောင့် အနားယူခဲ့ရပါတယ်။ သူက အနားယူပြီး ယူအက်စ်အိုးပင်းပြိုင်ပွဲဝင်ရန် ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် အမေရိကန်မှာ COVID-19 ရောဂါကူးစက်မှု မြင့်မားနေတာကြောင့် ယူအက်စ်အိုးပင်းကိုဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန်ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ 


“ဒီနှစ်မှာ နယူးယောက်ကိုပြန်မလာဖို့အတွက် ကျွန်မ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ကျွန်မရဲ့ ကြံ့ခိုင်မှု ပိုကောင်းလာစေဖို့အတွက် ကြိုးစားသွားမှာပါ။ ပြန်ကစားတဲ့အခါ အမြင့်ဆုံးစွမ်းဆောင်ချင်ပါတယ်”လို့ အန်ဒရီ စကူးက ပြောဆိုခဲ့ပါတယ်။                                                                  


  (SO)






အခြားဆက်စပ်သတင်းများ