နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ဟု ဆီမွန်နာ ပြော

ဩဂုတ်  ၁၉


ကမ္ဘာ့အဆင့် ၂ နေရာတွင် ရပ်တည်နေသည့် ရိုမေးနီးယားတင်းနစ်မယ် ဆီမွန်နာသည် ချက်နိုင်ငံ၌ ကျင်းပခဲ့သည့် Prague Open တင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဩဂုတ် ၃၁ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပမည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။


ယခုနှစ် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်ကစားသမား အများအပြား ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ သကဲ့သို့ အမျိုးသားတင်းနစ်ပြိုင်ပွဲတွင်လည်း ထိပ်တန်းကစားသမားများအနက် ကမ္ဘာ့အဆင့် ၁ တင်းနစ် ကစားသမား ဂျိုကိုဗစ် တစ်ဦးတည်းသာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။


ဆီမွန်နာအနေဖြင့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆန္ဒရှိနေသော်လည်း လက်ရှိတွင် အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် ပြိုင်ပွဲမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။


ဆီမွန်နာက “အမေရိကန်နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စုံစမ်းကြည့်တော့ ယူအက်စ် အိုးပင်းတင်းနစ်ပြိုင်ပွဲဝင်ဖို့အတွက် အဆင်မပြေနိုင်ဘူးလို့ ယူဆမိတာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဂရင်းစလင်းအိုးပင်း တင်းနစ်ပြိုင်ပွဲအမျိုးအစားအဖြစ်တဲ့အတွက် ပါဝင်ယှဉ်ပြိုင်ဖို့ ဆန္ဒတော့ ရှိပါတယ်။ ဒါပေမဲ့ အဆင်မပြေလို့ အခုလို နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ပြောကြားခဲ့သည်။             


(သူရိန်)






အခြားဆက်စပ်သတင်းများ