နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနည်းပြဆု လီဗာပူးလ်နည်းပြ ရရှိ

ဩဂုတ်  ၁၉


လီဗာပူးလ်နည်းပြ ယာဂင်ကလော့ဟာ ၂၀၁၉-၂၀ ဘောလုံးရာသီအတွက် တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ 
ယာဂင်ကလော့ဟာ လီဗာပူးလ်ကို နှစ် ၃၀ အတွင်း ပထမဆုံးအမှတ်ပေးချန်ပီယံဆုဖလားရယူပေးနိုင်ခဲ့သလို ကလပ်စံချိန်တင်ရမှတ် ၉၉ မှတ်ရအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။ 


လီဗာပူးလ်ဟာ  ဒုတိယနေရာက မန်စီးတီးထက် ၁၈ မှတ်အသာရခဲ့ပြီး ရာသီအစပထမဆုံး ၂၇ ပွဲဆက် ရှုံးပွဲမရှိကစားခဲ့ပြီး ၂၆ ပွဲနိုင်၊ တစ်ပွဲ သရေရခဲ့ပါတယ်။ ကလော့ဟာ ပြီးခဲ့တဲ့လကလည်း လိဂ်မန်နေဂျာများ အစည်းအရုံးကချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးဆုကိုရရှိခဲ့ပါတယ်။  ယခု ပရီးမီးယားလိဂ်ကချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆု ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီအတွက်  အကောင်းဆုံးနည်းပြဆုကို ချယ်လ်ဆီးနည်းပြ လမ်းပတ်၊ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ၊ ရှက်ဖီးယူနိုက်တက် နည်းပြ  ခရစ်ဝိုင်လ်ဒါတို့ကို ကျော်ဖြတ်ပြီးရရှိခဲ့တာပါ။


 (SO)






အခြားဆက်စပ်သတင်းများ