နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာရဲ့ပြောင်းလဲမှုဖြစ်ရပ်တွေထဲ အမာခံအသင်းခေါင်းဆောင်ရဲ့ ပြောင်းလဲမှုဖြစ်စဉ်က ရေပန်းစားလာ

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို စံချိန်တင်အရှုံးနဲ့ ၈-၂ ရလဒ်နဲ့ရှုံးခဲ့တာကြောင့် အသင်းသမိုင်းကြောင်းမှာ အရှက်တကွဲဖြစ်ရပ်တစ်ခုမှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါကြောင့် အသင်းကို ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတာပေါ်လွင်လာခဲ့ပါတယ်။ အသင်းနည်းပြကြီး ဆက်တီယန်၊ အသင်းဒါရိုက်တာ အဘီဒယ်တို့နဲ့ပါ လမ်းခွဲသွားရမှာဖြစ်တဲ့အပြင် တိုက်စစ်အတွဲဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်နဲ့ အသင်းခေါင်းဆောင်ကြီးမက်ဆီတို့နဲ့ပါ လမ်းခွဲရတော့မယ့်အခြေအနေတွေဖြစ်နေပါတယ်။


ဘာစီရဲ့အကောင်းဆုံးစွမ်းဆောင်ရှင်၊ အားထားရဆုံးကစားသမား၊ လက်ရှိအသင်းခေါင်းဆောင် မက်ဆီကတောင် လက်ရှိအသင်းရဲ့အခြေအနေတွေအပေါ် တော်တော်ကြီး စိတ်ပျက်လျက်ရှိနေပါတယ်။ အသင်းကို မက်ဆီဘယ်လောက် စိတ်ကုန်နေလဲဆိုရင် သူ့ရဲ့စာချုပ်သက်တမ်းကုန်မယ့် ၂၀၂၁ ခုနှစ်မှာ လမ်းခွဲဖွယ်ရှိနေရာမှ နောက်ဆုံးသတင်း အခုဒီနှစ် ဈေးကွက်မှာတင် အသင်းကနေထွက်ခွာခွင့်ပေးဖို့ မက်ဆီက တောင်းဆိုလာခဲ့ပါတယ်တဲ့ဗျာ။ ဒါဟာ ဘာစီပရိသတ်တွေအတွက်တော့ သတင်းဆိုးတစ်ပုဒ်ပဲပေါ့။ မက်ဆီကလည်းအသင်းရဲ့ ပြိုကွဲနေမှုကို စိတ်ကုန်နေပုံရပါတယ်။


ဒီရာသီဖလား လက်မဲ့ဖြစ်ရတာကိုလည်း အားမလိုအားမရနဲ့ မချိတင်ကဲဖြစ်ခဲ့ရပါတယ်။ ဒါတွေကြောင့် အသင်းနဲ့လမ်းခွဲချင်တာလို့ သတင်းများ ကဖော်ပြလာကြပါတယ်။ မက်ဆီဟာ အင်တာမီလန်၊ မန်စီတီးတို့နဲ့  သတင်းတွေထွက်နေပါတယ်။နောက်ထပ် ဘာစီပရိသတ်အတွက် သတင်းဆိုးကတော့ ကိုဗစ်ကာလစီးပွားရေးအခြေအနေဆိုးရွားခဲ့တဲ့ ဘာစီအသင်း ဟာ လာမယ့်ရာသီမှာအသင်းကို ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ အသင်းက ကစားသမားတွေရောင်းပြီး ငွေကြေး ရှာဖွေရတော့မှာပါ။ အဲဒီအရောင်းစာရင်းထဲမှာ လူးဝစ်ဆွာရက်ဇ်လည်းပါဝင်နေပါတယ်။ ဒါပေမယ့် ဘာစီနဲ့ ဆွာရက်ဇ် စာချုပ်သက်တမ်း လေးနှစ်ကျန်ရှိနေပါသေးတယ်။ ဒီပြောင်းလဲမှုဖြစ်လာခဲ့ရင် လာမယ့်ရာသီမှာ မက်ဆီနဲ့ ဆွာရက်ဇ်တို့ရဲ့တိုက်စစ်အတွဲကိုမတွေ့နိုင်တော့ပါဘူး။                                                            


(SO)






အခြားဆက်စပ်သတင်းများ