မန္တလေး ဧပြီ ၂၀ အမှတ်(၁)ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှူးရုံး၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲမှူးရုံး(မန္တလေး)နှင့် တပ်ဖွဲ့ဝင်များ၊ ကင်းလှည့်ရေယာဉ်များမှ တပ်ဖွဲ့ဝင်အိမ်ထောင်စု ၈၄ စုနှင့် လူပျိုတပ်ဖွဲ့ဝင် ၁၆ ဦးတို့အား ဧပြီ ၁၉ ရက် နံနက် ၉ နာရီက မဟာအောင်မြေမြို့နယ်၊ ကမ်းနားလမ်းရှိ ရေကြောင်းရဲတပ်ဖွဲ့ခွဲမှူးရုံး(မန္တလေး)တွင် ရေကြောင်း ရဲကွပ်ကဲမှုအဖွဲ့ခွဲမှူးမှ ဆန်၊ ဆီ၊ အာလူး၊ ကြက်ဥ၊ ယမ်ယမ်ခေါက်ဆွဲခြောက်တို့အားလည်းကောင်း၊ မန္တလေး မြို့နေ ဦးဝင်းနိုင်မိသားစုတို့မှ တစ်ခါသုံး MASK များနှင့် ကြက်သွန်၊ ငါးခြောက်များအား ပေးအပ်ရာ တပ်ဖွဲ့ဝင် များနှင့် မိသားစုများက လက်ခံရယူကြစဉ်။ မောင်ပြည်သူ(မန္တလေး)