နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သွားဖုံးရောင်နာရောဂါကို သက်သာစေနိုင်မည့် နည်းလမ်းကောင်းများ

ဩဂုတ်  ၁၉


ကမ္ဘာပေါ်တွင် အရွယ်ရောက်ပြီးသူအတော်များများမှာ သွားဖုံးရောဂါဖြစ်သည့် သွားဖုံးရောင်နာဝေဒနာကို ခံစားရလေ့ရှိသည်။ သွားဖုံးရောင်နာဆိုသည်မှာ သွားအနီးတဝိုက်တွင်ရှိသည့် ပျော့ပျောင်းသောတစ်ရှူးများ ရောင်ရမ်းလာခြင်းဖြစ်သည်။ သွားဖုံးရောင်နာဝေဒနာခံစားရပါက မပေါ့ဆသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ရောဂါမှတစ်ဆင့် သွားများဆုံရှုံးနိုင်သည်အထိ ဖြစ်ပွားနိုင်ခြင်းကြောင့်ဖြစ်သည်။

သွားဖုံးရောင်နာဝေဒနာသည် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အစာအာဟာရနည်းပါးခြင်း၊ ဟော်မုန်းထုတ်လုပ်မှုမညီမျှခြင်းနှင့် ဆီးချိုရောဂါရှိခြင်းတို့မှ ဖြစ်ပွားစေနိုင်သည်။ သွားဖုံးရောင်နာ ဝေဒနာကို ကုသနိုင်သည့်နည်းလမ်းများစွာရှိသည်။

ပထမဆုံးအနေဖြင့် သွားဖုံးရောင်နာဝေဒနာကို သက်သာစေနိုင်သည့်အရာမှာ ရှားစောင်းလက်ပတ်ပင် ဖြစ်သည်။ ရှားစောင်းလက်ပတ်ပင်အဆီကိုထုတ်ယူပြီး သွားဖုံးနာနေသည့်နေရာကို လိမ်းပေးခြင်းအားဖြင့် သွားဖုံးရောင်နာဝေဒနာကို သက်သာသွားစေနိုင်သည်။

တမာရွက်တွင်လည်း သွားဖုံးရောင်နာရောဂါကို အဓိကဖြစ်ပွားစေနိုင်သည့် ဗက်တီးရီးယားပိုးများနှင့် မှိုများကို တိုက်ခိုက်ပေးနိုင်သည့် အာနိသင်များရှိနေသည်။ သုံးစွဲချင်ပါက တမာသွားတိုက်ဆေး သို့မဟုတ် တမာရွက်နှင့် ပြုလုပ်ထားသည့် ခံတွင်းသန့်ဆေးရည်များကို ဝယ်ယူသုံးစွဲနိုင်သည်။

သွားဖုံးရောင်ဝေဒနာဖြစ်ပြီဆိုပါက အသားငါးထက် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးသင့်သည်။ အသီးအရွက်တွင်ပါဝင်သည့် အာနိသင်များမှာလည်း သွားဖုံးရောင်ဝေဒနာကို သက်သာစေနိုင်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ