နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒိုက်ဦးမြို့နယ်၌ ရထားသံလမ်းများ ခိုးယူသူ ၃ ဦးအား အရေးယူ

ဒိုက်ဦး ဧပြီ ၂၀ ဧပြီ ၁၉ ရက်၊ နံနက် ၇ နာရီအချိန်တွင် ဖောင်တော်သီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ပျဉ်ပုံဘူတာနှင့် ကတုတ်ဘူတာကြား လက်ခုပ်ကွင်းကျေးရွာ၌ ထက်ရှားအောင်(ခ) ကိုသက်(၂၅)နှစ် သုံးဘီးယာဉ်မောင်းနှင်ပြီး ဇော်ဦး (၃၅)နှစ်ပါ အမျိုးသား ၂ ဦး ပေါင်း ၃ ဦးတို့သည် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်ရန် ချထားသော ပေါင် ၆၀ အမျိုးအစား အရှည် ၉ ပေ ၆ လက်မခန့်ရှိ သံလမ်း ၁၆ ချောင်း၊ သံလမ်း အဆက်ပြား ၅ စုံ၊ မူလီနပ် ၁၁ စုံ အားခိုးယူ တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ထက်ရှားအောင် (ခ)ကိုသက်ပါ ၃ ဦး(ဖမ်းမိ)အား ဖောင်တော်သီနယ်မြေရဲစခန်း၌ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ