နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခင် (၂၄) နာရီဖွင့်လှစ်ရောင်းချလျက်ရှိသော ဗဟိုစံပြငါးစျေး၊ရွှေပိတောက်ငါးစျေးနှင့် သိရိမင်္ဂလာစျေးတို့တွင် စျေးရောင်းစျေးဝယ်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကုန် ဧပြီ ၂၀ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စျေးများဌာန လက်အောက်ရှိ ယခင် (၂၄) နာရီဖွင့်လှစ်ရောင်းချလျက်ရှိသော ဗဟိုစံပြငါးစျေး၊ရွှေပိတောက်ငါးစျေးနှင့် သိရိမင်္ဂလာစျေးတို့တွင် စျေးရောင်းစျေးဝယ်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးအား ယနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၄) ၌ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး တက်ရောက်၍ အဖွင့်အမှားကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်သူ့ကျန်မာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဟန် နှင့် ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့ အတွင်းရေးမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးသန်းထိုက်တို့က ယခုကာလ ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ကြည့်မြင်တိုင် လွှတ်တော်ကိုယ်စားလှယ် နှင့် လှိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် တို့မှ မိမိမြို့နယ်အတွင်းရှိ ၎င်းစျေးများ လက်ရှိဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြကြသည်။ ယင်းနောက်တက်‌ရောက်လာသူများမှဆွေးနွေးတင်ပြခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် ရန်ကုန်မြို့တော်ဝန် နှင့် တာဝန်ရှိသူများက မှာကြားခဲ့ကြသည်။ အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ(ဒုတိယမြို့တော်ဝန်) ဦးစိုးလွင်၊အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊တွဲဖက်အတွင်းရေးမှူး ဦးသန်း နှင့် ပြည်သူ့ကျန်းမာရေးနှင်းစျေးများလုပ်ငန်းတာဝန်ခံအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာဥက္ကဌ များနှင့်အဖွဲ့ဝင်များ ၊တာဝန်ရှိသူများတက်ရောက်ကြသည်။ မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ