နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးရေနှင့် မြောင်းရေ

ရန်ကုန်   ဩဂုတ်  ၁၈


ရန်ကုန်မှာ နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းသောမိုးကြောင့် ခရီးသွားလာတို့ စိတ်ညစ်ငြူးဖွယ် ကြုံတွေ့ရ၏။ ရန်ကုန်မြို့ရှိ ရပ်ကွက်များ လမ်းများပေါ်တွင် ရေလျှံမှုကြောင့် မြို့တော်သူ၊ မြို့တော်သားများ စိတ်ပျက်ကြရ၏။ ဤမိုးသည် လယ်သမားတို့အတွက် တန်ဖိုးရှိပေလိမ့်မည်။ လူ၊ တိရစ္ဆာန်နှင့် သစ်ပင်၊ ပန်းမန်တို့ အတွက် အကျိုးဖြစ်ထွန်းစေ၏။

ရန်ကုန်မြို့တွင် ၆ ဒသမ ၃၈ လက်မ ရွာသွန်းသောမိုးကြောင့် ထိခိုက်ဆုံးရှုံးမှုများစွာ မဖြစ်နိုင်သော်လည်း သတိပြုရမည့်အချက်များမှာ များစွာရှိသည်ကို သတိမူအပ်သည်။ ရန်ကုန်မြို့ မြစ်ချောင်းများနှင့်နီးသော အနိမ့်ပိုင်းရပ်ကွက်များတွင် ဒီရေတက်ချိန်နှင့် ယခုကဲ့သို့ရွာသွန်းသော မိုးများချိန်များတွင် ရေမြောင်းများမှ ရေများသည် မြစ်ထွက်ပေါက်သို့ မထွက်နိုင်ဘဲ၊ အထက်ရေနှင့် အောက်ရေဆုံကာ စီးဆင်းမှုအားနည်းခြင်းကြောင့် ရေလျှံမှုဖြစ်ပေါ်ရခြင်းကို ကမ်းနားနေ အများပြည်သူများ ကြုံတွေ့ခံစားနေရသည်။

ရေကျချိန်တွင် ရေမြောင်းများမှ ရေများ မြန်ဆန်စွာစီးဆင်းနိုင်ရေအတွက် စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်မျိုးစုံက အဟန့်အတားပြုနေသည်။ အထူးသဖြင့် ရေပြည့်၊ ရေလျှံရက်များတွင် မြောင်းများမှာ ရေဆိုး၊ ရေညစ်များနှင့်အတူ ပလတ်စတစ်အိတ်၊ ဘူးခွံစသည့်အမှိုက်မျိုးစုံ လမ်းပေါ်လျှံထွက်လာတတ်သည်။ အမှိုက် စွန့်ပစ်သူ မြို့တော်သူ၊ မြို့တော်သားများအနေဖြင့် စနစ်တကျအမှိုက်များ စွန့်ပစ်မှုအားနည်းနေသည်။

ရန်ကုန်မြို့တော်သူ၊ မြို့တော်သားများအနေဖြင့် သတ်မှတ်နေရာ သတ်မှတ်အမှိုက်ကန်များတွင် စည်းကမ်း တကျ အမှိုက်များကို စွန့်ပစ်စေချင်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများက အမှိုက်များကို စနစ်တကျ သိမ်းဆည်းဆောင်ရွက်လျက်ရှိသော်လည်း စည်းကမ်းမဲ့ အမှိုက်ပစ်သူများက များပြားလျက်ရှိသည်။ သို့ဖြစ်ရာ ရေစီးရေလာကောင်းမွန်ရေးတွင် အထောက်အပံ့ဖြစ်စေမည့် အမှိုက်များ စနစ် တကျစွန့်ပစ်ခြင်းဖြင့် မြို့တော်၏ သန့်ရှင်းသပ်ရပ်မှုကို စောင့်ရှောက်စေချင်ကြောင်း ။      ။






အခြားဆက်စပ်သတင်းများ