နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန်လျင်၌ COVID- 19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဆောက်အအုံများတွင် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်အဖြစ် လိုအပ်လာပါက ရောဂါထိန်းချုပ်ကုသရေးဌာနများအဖြစ် ပြောင်းလဲအသုံးပြုနိုင်ရန် ရွေးချယ်ထားသည့် အဆောက်အအုံများကို မတ် ၂၇ ရက်၊ မွန်းလွဲပိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။ သန်လျင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်အဖြစ် လိုအပ်ပါက ရောဂါထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်အဖြစ် ရွေးချယ်ထားသည့် အဆောက်အအုံအတွင်း လိုအပ်သောပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်၊ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းတို့က အနီးကပ်ကြီးကြပ်၍ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ သန်လျင်လူမှုကွန်ရက်တို့မှ ရောဂါထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်အဖြစ်ရွေးချယ်ထားသည့် သန်လျင်မြို့ သီဟဒီပမိုးလုံလေလုံအားကစားရုံအား သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးများဖျန်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထိုသို့ဆောင်ရွက်မှုအား သန်လျင်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြောကြားရာတွင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ထွေ/အုပ်မှ တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေ၊ ပရဟိတအဖွဲ့တွေနဲ့ ပြည်သူတွေပူးပေါင်းပြီး သန်လျင်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပညာပေးလုပ်ငန်းများဆောင်ရွက် နေသလို ကူးစက်ရောဂါနှင့်ပတ်သက်တဲ့ ပြည်သူတွေသိသင့် သိထိုက်တဲ့ ရှောင်ရန်၊ ဆောင်ရန်များအား သန်လျင်လူမှုကွန်ရက်မှ အသံချဲ့စက်ဖြင့် ရပ်ကွက်နှင့်ကျေးရွာများသို့ မော်တော်ယာဉ်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းများ နေ့စဉ်ဆောင်ရွက်ပေးပါကြောင်း၊ ပြီးတော့ သန်လျင်မြို့နယ် ကျိုက်ခေါက် ဘုရားလမ်းမကြီးနဲ့ ဗိုလ်ချုပ်နေဝင်းလမ်းပေါ်မှာရှိတဲ့ ကားမှတ်တိုင်တွေ၊ သန်လျင်မြို့မဈေးနဲ့ လူစည်ကားတဲ့နေရာမှာ ညပိုင်းလူရှင်းတဲ့ ည ၁၀ နာရီကျော်လောက်ကစပြီး ပိုးသတ်ဆေးများ လှည့်လည် ဖျန်းပေးနေပါကြောင်း၊ ဒါ့အပြင် မြို့နယ်အဆင့် ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအဖွဲ့များ ဖွဲ့စည်းကာ စနစ်တကျဆောင်ရွက်ထားပါကြောင်း၊ သန်လျင်မြို့နယ်တွင် ယနေ့အထိ COVID-19 ရောဂါပိုးရှိသူ အတည်ပြုလူနာ မရှိသေးကြောင်း၊ ပြည်ပမှပြန်လာကြသူများအား သက်ဆိုင်ရာကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များနှင့် ပြည်သူများပူးပေါင်း၍ နေအိမ် အတွင်း ၁၄ ရက်နေထိုင်စေလျက် စောင့်ကြည့်နေသူများတော့ရှိပါကြောင်း၊ စောင့်ကြည့်သူများလည်း အခြေအနေကောင်းမွန်ပါကြောင်း၊ ပြည်ပမှနောက်ထပ်ရောက်ရှိ သတင်းပို့သူများကိုလည်း သက်ဆိုင်ရာ များက စောင့်ကြည့်လုပ်ငန်းများနှင့် လိုအပ်သောကူညီမှုများအား ဆောင်ရွက်ပေးနေပါကြောင်း၊ နိုင်ငံ ရပ်ခြားမှပြန်လာပြီး သက်ဆိုင်ရာများသို့ သတင်းပို့ရန်ပျက်ကွက်သူများရှိခဲ့လို့ စုံစမ်းသိရှိရရင်တော့ တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာပါ၊ သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံတွင် လက်ရှိ သီးသန့်ဆောင်မှာ ဖျားနာလက္ခဏာရှိ ဆေးကုသခံယူနေတဲ့ စောင့်ကြပ်ကြည့်ရှုနေသူ အမျိုသား တစ်ဦးနှင့် အမျိုးသမီးတို့ ရောက်ရှိနေပြီး သူတို့ရဲ့ ဓာတ်ခွဲနမူနာများကိုလည်း အမျိုးသားဓာတ်ခွဲဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးလျက်ရှိပါတယ်၊ မနက်ဖြန်လောက်တော့အဖြေသိရမယ် အရမ်းလဲအစိုးရိမ်မလွန်ကြဖို့နဲ့ အခုအချိန်အထိ စောင့်ကြပ်ကြည့်ရှုသူနှစ်ဦးလုံး သက်သာနေတယ်လို့သိရပါတယ်။ အဖြေသိရင်လဲ သက်ဆိုင်ရာ က သတင်းထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း ပြောသည်။ ဆက်လက်၍ သန်လျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင် ကိုထွန်းက ပြောကြားရာတွင် COVID- 19 ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ သတင်း စတင်ထုတ်ပြန်ချိန်ကစပြီး ကျွန်တော်တို့မြို့နယ်မှာ ကြိုတင်ကာကွယ်ရေးအတွက် ရပ်/ကျေးအုပ်ချုပ် ရေးမှူးတွေနဲ့ Viber Group ဖွဲ့ချိတ်ဆက်ကာ ပြည်သူတွေကို အသိပညာပေးလုပ်ငန်းတွေကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ပါတယ် COVID- 19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ကျွန်တော် တို့မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် ဦးဆောင်ပြီး ဌာနဆိုင်ရာတွေ၊ လူမှုရေး အသင်းအဖွဲ့တွေ၊ သန်လျင်လူမှုကွန်ရက်၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ ပြည်သူများနဲ့ပူးပေါင်းပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ အသိပညာပေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေကြောင်း နှင့် လက်ရှိတွင် ဒေသန္တရအမိန့်များထုတ်ကာ ကာကွယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ဆောင် နေကြောင်း ပြောကြားသည်။ သက်ခိုင် (သန်လျင်)






အခြားဆက်စပ်သတင်းများ