နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Huawei က အွန်လိုင်း Better World Summit 2020 ကို တရုတ်နိုင်ငံတွင်ကျင်းပခဲ့

ဩဂုတ် ၁၈


 Huawei မှ ၎င်း၏ အွန်လိုင်း Better World Summit 2020 ကို တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့၌ ကျင်းပခဲ့ပြီး နိုင်ငံတကာ ထိပ်တန်း ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် China Telecom ၊ Etisalat ၊ MTN ၊ GSMA နှင့် 3GPP/ETSI တို့မှ ဧည့်သည်တော်များ တက်ရောက်ဆွေးနွေးခဲ့ကာ နိုင်ငံပေါင်း ၈၀ ကျော်မှ လူထောင်ပေါင်းများစွာက တက်ရောက်ခဲ့ကြပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) က လက်ရှိ အနေအထားနှင့် ကပ်ရောဂါပြီးဆုံးချိန် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုအသစ်ကို မည်သို့ လွှမ်းမိုးနိုင်မည်ဖြစ်ကြောင်း  အွန်လိုင်းမှ အတူတကွလေ့လာခဲ့ကြသည်။


ကမ္ဘာပေါ်တွင် 5G အသုံးပြုသူပေါင်း သန်း (၉၀) ကျော် ရှိနေပြီဖြစ်ကြောင်းကို Huawei ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ Guo Ping ကပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာ နှစ်ဖက်လုံးတွင် Huawei က မိတ်ဖက်များနှင့် ရင်းနှီးနွေးထွေးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတိုးတက်မှုကို တီထွင်ဆန်းသစ်မှုနှင့် ဖွံ့ဖြိုးတိုး တက်မှုတို့နှင့် ပံ့ပိုး ကူညီနိုင်ရန် အစွမ်းကုန် ကြိုးစားလျက် ရှိသည်။ Huawei သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် မြေပြင်ဆက်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်၊ ဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် လူလုပ်အသိဉာဏ် (AI) အတွက် နည်းပညာ ဝန်ဆောင်မှုများ ထောက်ပံ့မှု၊ ဗီဒီယို ကွန်ဖရင့် နှင့် စမတ်ဖုန်းများအတွက် COVID-19 ကာလအတွင်း စုစုပေါင်း ကျပ်ငွေ သိန်း ၇၀၀ကျော် စိုက်ထုတ်ကာ ကူညီဖြေရှင်းပေးလျက်ရှိသည်။


စီးပွားရေးလုပ်ငန်းများဆိုင်ရာ ကဏ္ဍတွင် COVID-19 ကာလအတွင်း လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ကုမ္ပဏီလုပ်ငန်းများကို cloud ပေါ်သို့ ရွှေ့ပြောင်းရန် ကူညီပေး လျက်ရှိသည်။
Better World Summit ကို တရုတ်၊ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ ရုရှ၊ ကိုရီးယား၊ ဂျပန် နှင့် အာရဘီ ဘာသာစကားများဖြင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။   

                                                                    
(HWY)






အခြားဆက်စပ်သတင်းများ