နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံတွင် ကမ္ဘာ့အမြင့်ဆုံးအပူချိန် ဖြစ်ဖွယ်ရှိသည့် အပူချိန်မှတ်တမ်း တိုင်းတာရရှိ

ဩဂုတ် ၁၈၊ ဝါရှင်တန်


ကမ္ဘာပေါ်တွင် တိုင်းတာမှတ်သားခဲ့သည့် အပူချိန်များအနက် အမြင့်ဆုံးအပူချိန်ဖြစ်ဖွယ်ရှိသည့် အတိုင်းအတာ(အပူချိန် ၅၄ ဒသမ ၄ ဒီဂရီဆဲလ်စီးယက်)ကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ သေမင်းတောင်ကြားအမျိုးသားဥယျာဉ် (Death Valley National Park)တွင် တိုင်းတာရရှိခဲ့သည်။ အဆိုပါအပူချိန်မှတ်တမ်းကို အမေရိကန်နိုင်ငံ အမျိုးသားမိုးလေဝသဌာနက အတည်ပြုခဲ့သည်။


အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် အပူလှိုင်းဖြတ်နေချိန်၌ ယခုကဲ့သို့ မှတ်တမ်း တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုရက်သတ္တပတ်အတွင်း အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် အပူချိန်ဆက်လက်မြင့်တက်မည်ဟု ခန့်မှန်းထားသည်။ အပူချိန်မြင့်တက်ခဲ့ပြီးနောက် ပြီးခဲ့သည့်စနေနေ့တွင် စွမ်းအင်စက်ရုံတစ်ခု မလည်ပတ်နိုင်ခြင်းကြောင့် ကယ်လီဖိုးနီးယားပြည်နယ်တွင် လျှပ်စစ်ဓာတ်အား နှစ်ရက်ကြာ ပြတ်တောက်ခဲ့သည်။


ပြီးခဲ့သည့်တနင်္ဂနွေနေ့က သေမင်းတောင်ကြားအမျိုးသားဥယျာဉ်ရှိ ဖာနေ့ခရိ (Furnace Creek) အရပ်တွင် စံချိန်တင် အပူချိန်မှတ်တမ်းကို တိုင်းတာနိုင်ခဲ့ခြင်းဖြစ်သည်။ ယခင်က ကမ္ဘာပေါ်တွင် အပူချိန်အမြင့်ဆုံးဟု သတ်မှတ်ထားသည့် ပမာဏမှာ ၁၂၉ ဒသမ ၂ ဖာရင်ဟိုက် (၅၄ ဒီဂရီဆဲလ်စီးယက်) ဖြစ်ပြီး ၂၀၁၃ ခုနှစ်က သေမင်းတောင်ကြား၌ပင် တိုင်းတာမှတ်သားခဲ့ခြင်းဖြစသ်ည်။ ၁၉၃၁ ခုနှစ်က တူနီးရှားနိုင်ငံတွင် အပူချိန် ၅၅ ဒီဂရီဆဲလ်စီးယက်အထိ တိုင်းတာရရှိခဲ့ဖူးသည်ဟု ဆိုသော်လည်း အဆိုပါတိုင်းတာမှုမှာ ယုံကြည်ရန် ခက်ခဲသည်ဟု မိုးလေဝသဆိုင်ရာ သမိုင်းပညာရှင် ခရစ္စတိုဖာဘတ်က ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ