နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ခဲ့သည်ဟုဆိုကာ CIA အရာရှိဟောင်းကို ဖမ်းဆီး

ဩဂုတ် ၁၈၊ ဝါရှင်တန်


CIA အရာရှိဟောင်းတစ်ဦးမှာ CIA တွင် အလုပ်လုပ်သည့် ဆွေမျိုးတစ်ဦးနှင့် ပူးပေါင်းပြီး တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ခဲ့သည်ဆိုသော စွဲချက်များဖြင့် ဖမ်းဆီးခံခဲ့ရသည်။ အသက် ၆၇ နှစ်ရှိသည့် ယက်ချင်မာကို ပြီးခဲ့သည့်သောကြာနေ့က ဖမ်းဆီးခဲ့ခြင်းဟု အမေရိကန်နိုင်ငံ တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ယက်ချင်မာမှာ အမျိုးသားကာကွယ်ရေးဆိုင်ရာ လျှို့ဝှက်သတင်းအချက်အလက်များကို တရုတ်ထောက်လှမ်းရေးအရာရှိများထံ ပေးပို့ခဲ့သည်ဟု စွပ်စွဲခံထားရသည်။


အမေရိကန်နှင့် တရုတ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာချိန်တွင် ယခုကဲ့သို့ သူလျှိုလုပ်မှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဟောင်ကောင်မြို့တွင် မွေးဖွားသည့် အမေရိကန်နိုင်ငံသား ယက်ချင်မာမှာ ၁၉၈၂ ခုနှစ်ကတည်းက CIA တွင် အလုပ်လုပ်ခဲ့သူဖြစ်သည်။ သို့သော် ၇ နှစ်အကြာတွင် CIA မှ ထွက်ခဲ့ပြီး တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အလုပ်လုပ်ခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်တွင် ဟာဝိုင်အီကျွန်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း အစိုးရရှေ့နေများက ပြောသည်။


ယက်ချင်မာနှင့် ယင်း၏ဆွေမျိုးတို့မှာ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ခဲ့ပြီး CIA အဖွဲ့ဝင်များ၊ စစ်ဆင်ရေးများနှင့် လျှို့ဝှက်ဆက်သွယ်သည့် နည်းလမ်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ဝေမျှခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယက်ချင်မာကို သြဂုတ်လ ၁၈ ရက်တွင် ရုံးထုတ်မည်ဖြစ်ပြီး အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခံရပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရမည်ဖြစ်သည်။



Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ