နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံနှင့် မသင့်တော်သည့်သမ္မတဟု မီရှယ်အိုဘားမား ဝေဖန်

ဩဂုတ် ၁၈၊ ဝါရှင်တန်


လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် တစ်ကျော့ပြန် ရွေးကောက်ခံမည့် သမ္မတဒေါ်နယ်ထရမ့်ကို သမ္မတကတော်ဟောင်း မီရှယ်အိုဘားမားက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။ ဒီမိုကရက်တစ်ပါတီ ညီလာခံသို့ ပေးပို့သည့် မီရှယ်အိုဘားမား၏ အသံမက်ဆေ့တွင်  '' ဒေါ်နယ်ထရမ့်က ကျွန်မတို့နိုင်ငံအတွက် မသင့်တော်တဲ့သမ္မတပါ''ဟု ပြောခဲ့သည်။


ဒီတာဝန်ကို ထမ်းဆောင်နေချိန်မှာ ကိုယ်လျှောက်ခဲ့တဲ့လမ်းကို မှေးမှိန်သွားအောင်လုပ်လို့ မရနိုင်ပါဘူး။ ဒေါ်နယ်ထရမ့်က ဗိုင်းရပ်စ်ရဲ့ ပြင်းထန်မှုအတိုင်းအတာကို အချိန်တော်တော်ကြာအောင် လျှော့တွက်ခဲ့လို့ ကျွန်မတို့နိုင်ငံရဲ့စီးပွားရေး ယိမ်းယိုင်ခဲ့ရပါတယ်။ အရိုးရှင်းဆုံး အချက်တစ်ခုကို ထောက်ပြရရင် လူမျိုးရေးတန်းတူညီမျှရေး လှုပ်ရှားမှု (black life matters)အပေါ် အမေရိကန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးရုံးက လှောင်ပြောင်ပုတ်ခတ်နေတုန်းပါပဲ''ဟု မီရှယ်အိုဘားမားက ဆိုသည်။


သဘောထားအမြင် ကောက်ခံမှုများအရ လူကြိုက်များမှုစာရင်းတွင် ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်၏နောက်သို့ ရောက်ရှိနေသည်။ ရီပတ်ဗလစ်ကန်ပါတီမှ အမာခံမဟုတ်သည့် ပါတီဝင်များကလည်း ဒေါ်နယ်ထရမ့်အပေါ် ဖိအားပေး ဝေဖန်မှုများ ပြုလုပ်လျက်ရှိသည်။



Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ