နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါကူးစက်ခံရတဲ့ ကင်ညာအပြေးသမား ကစ်ရူတို ဒိုင်းမွန်းလိဂ်ပြိုင်ပွဲလွဲချော်

ဩဂုတ်  ၁၈


အိုလံပစ်နဲ့ မီတာ ၃၀၀၀ အခက်အခဲအတားအဆီးဖြတ်ကျော် အပြေးချန်ပီယံ ကွန်ဆက်လပ်ကစ်ရူတိုဟာ COVID-19  ရောဂါကူးစက်ခံထားရတာကြောင့် မိုနာကိုမှာ ကျင်းပမယ့် ဒိုင်းမွန်းလိဂ်အပြေးပြိုင်ပွဲကို လွဲချော် ရတော့မှာဖြစ်ပါတယ်။


အသက် ၂၅ နှစ်ရှိ ကစ်ရူတိုဟာ ပြင်သစ်အစိုးရရဲ့ ဗီဇာထုတ်ပေးမှုအရ မိုနာကို ဒိုင်းမွန်းလိဂ်ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ကင်ညာအပြေသမား ၁၁ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပြိုင်ပွဲမတိုင်မီ ဆေးစစ်မှုပြုလုပ်ခဲ့ရာ ကစ်ရူတိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ပါတယ်။


“ကျွန်တော့်မှာ ဘယ်လိုရောဂါလက္ခဏာမှ ပြသနေခြင်းမရှိပါဘူး၊ အခြေအနေကလုံးဝကိုကောင်းမွန်နေတာပါ။ ကျွန်တော်က ပြိုင်ပွဲဝင်ပြီးကမ္ဘာ့စံချိန်ချိုးဖို့ ရည်ရွယ်ထားတာပါ။ အစိုးရတာဝန်ရှိသူတွေလုပ်ဆောင်ပေးချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ မကြာခင်မှာတော့ ကျွန်တော်ပြိုင်ပွဲဝင်နိုင်မှာပါ”လို့ ဒိုင်မွန်းလိဂ်ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရတဲ့ ကစ်ရူတိုက ပြောခဲ့ပါတယ်။                                                                                                                          


(SO)






အခြားဆက်စပ်သတင်းများ