နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်လ်က ရောင်းချင်ပေမယ့် အိုဇေးလ်က ကိုယ်တိုင်ဆုံးဖြတ်မယ်ပြောဆို

ဩဂုတ်  ၁၈


အာဆင်နယ်လ်အသင်းက အိုဇေးလ်ကိုရောင်းထုတ်ဖို့ပြင်ဆင်နေပေမယ့် ဂျာမနီကွင်းလယ်ကစားသမား အိုဇေးလ်က အမ်းမရိတ်မှထွက်ခွာရန် ငြင်းဆန်လိုက်ပါတယ်။ အိုဇေးလ်ဟာ ၂၀၁၃ ခုနှစ်က ရီးရဲလ်မှ အာဆင်နယ်လ်ကို ပေါင် ၄၂ ဒသမ ၅ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ယင်းရဲ့စာချုပ်သက်တမ်းတိုးချုပ်ဆိုရာမှာ အာဆင်နယ်လ်တွင် တစ်ပတ် လုပ်ခပေါင် သုံးသိန်းခွဲရရှိနေသူဖြစ်ပါတယ်။


ဒါပေမယ့် သူဒဏ်ရာများနဲ့ နပန်းလုံးနေရခြင်း၊ ပွဲတိုင်းအကောင်းဆုံးခြေစွမ်းမပြနိုင်ခြင်း လစာ အများဆုံးရကစားသမားဖြစ်နေပြီး၊ ဘဏ္ဍာရေးဟန်ချက်ကို ချိန်ညှိလိုခြင်းကြောင့် နည်းပြအာတီတာက အိုဇေးလ်ကိုရောင်းထုတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ အာဆင်နယ်လ်မှာ အိုဇေးလ်က လုပ်ခအများဆုံးရရှိ နေသူဖြစ်ကာ အူဘာမီယန်းက စာချုပ်သစ်မတိုးမီ တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်း သာရရှိနေပါတယ်။


အိုဇေးလ် ကတော့ စာချုပ်ကုန်ဆုံးသည်အထိ အာဆင်နယ်လ်တွင်နေသွားမည်ဖြစ်ကြောင်း၊ အာဆင်နယ်မှထွက်ခွာဖို့ကို ဘယ်သူမှ ဖိအားပေးဆုံးဖြတ်၍မရဘဲ ကိုယ်တိုင်သာဆုံးဖြတ်သွားမယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။ ယခုလိုအခြေအနေကြောင့် ပြိုလဲသွားမည်မဟုတ်ဘဲ  ပိုတောင်ကြံ့ခိုင်လာရန်သာရှိကြောင်း အိုဇေးလ်ကထပ်လောင်းပြောကြားသွားပါတယ်။                                                                                              


(SO)






အခြားဆက်စပ်သတင်းများ