နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပူလက်ဗ်က ဂျိုရှူအာတစ်ယောက် လန်ဒန်ပြင်ပမှာထိုးဖို့ရွံ့နေဟု ဝေဖန်

ဩဂုတ်  ၁၈


ဗြိတိန်လက်ဝှေ့သမား ဂျိုရှူအာဟာ လန်ဒန်မြေပြင်ပမှာ ထိုးသတ်ရန်စိုးရွံ့နေတယ်လို့ ဘူဂေး ရီးယား လက်ဝှေ့သမား ပူလက်ဗ်က ဝေဖန်လိုက်ပါတယ်။  ဂျိုရှူအာနဲ့ ပူလက်ဗ်မှာ လာမယ့်ဒီဇင်ဘာ လအတွင်းထိုးသတ်ရန် စီစဉ်ထားပေမယ့် ထိုးမယ့်ရက်နဲ့ နေရာကိုတရားဝင်မသတ်မှတ်နိုင်သေးပါ။ Betway blog နဲ့ အင်တာဗျူးမှာ ပူလက်ဗ်က မိမိကဘယ်နေရာတွင်မဆို ထိုးသတ်ဖို့ ပြဿနာမရှိပေမယ့် ဂျိုရှူအာဘက်ကသဘောတူဖို့နှောင့်နှေးနေပါတယ်။ ဂျိုရှူအာလန်ဒန် ပြင်ပတွင် ထိုးသတ်လိုစိတ်မရှိဟု ပြောဆိုခဲ့ပါတယ်။


“COVID ကပ်ရောဂါကြောင့် ဂျိုရှူအာဘက်က သဘောတူဖို့နှောင့်နှေးတာကိုနားလည်ပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာပဲ ထိုးနိုင်ဖို့မျှော်လင့်ပြီး ပြင်ဆင်မှုတွေလည်းလုပ်နေပါတယ်။ လေ့ကျင့်မှုမပြတ်တာမို့ ဘယ်အချိန်ထိုးထိုး ကျွန်တော်ကအသင့်ပါပဲ။ လန်ဒန်မှာ ဒီဇင်ဘာ ၅ ရက်လောက်ထိုးရမယ်လို့ သတင်း တွေထွက်နေပါတယ်။ လန်ဒန်မှာထိုးရရင်လည်း ပြဿနာမရှိပါဘူး”လို့ ပူလက်ဗ်ကဆိုပါတယ်။ ဂျိုရှူအာမှာ ရွှေခါးပတ်သုံးခုပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ပေမယ့် ယင်းရဲ့ထိုးသတ်ပုံစတိုင်မှာ အားနည်းချက်ရှိတယ်လို့ ပူလက်ဗ်ကပြောဆိုပါတယ်။


လွန်ခဲ့တဲ့နှစ်က အင်ဒီရုဇ်ကိုရှုံးပြီးနောက် ဒုတိယအကြိမ်အလဲထိုးရှုံးပွဲကြုံတွေ့စေမည်လို့ ပူလက်ဗ်ကသတိပေးခဲ့ပါတယ်။ ဂျိုရှူအာဟာ အင်ဒီရုဇ်ကို ရှုံးပြီးကတည်းက စိတ်ဓာတ်ကြံ့ခိုင်မှုအားနည်းသွားတယ်လို့ ပူလက်ဗ်ကယုံကြည်ထားပါတယ်။ ၂၀၁၇ ခုနှစ်က ဂျိုရှူအာနဲ့ ပူလက်ဗ်တို့ ထိုးသတ်ရန်သဘောတူခဲ့ပေမယ့် ဒဏ်ရာကြောင့်ပူလက်ဗ်နုတ်ထွက်သွားပြီး ပွဲပျက်ခဲ့ရပါတယ်။


ယင်းနဲ့ မထိုးမီ ဂျိုရှူအာဟာ ဖြူရီနှင့် နှစ်ပွဲထိုးရန် ကြိုတင်သဘောတူညီခဲ့တာကြောင့်  ဂျိုရှူအာစိတ်ကြီးဝင်မောက်မာ နေတယ်လို့ ပူလက်ဗ်က စွပ်စွဲလိုက်ပါတယ်။ WBC ချန်ပီယံ တိုင်ဆန်ဖြူရီရဲ့ပွဲသွင်းသူ ဖရန့်ဝါရန့်ကလည်း ဝိုင်ဒါနဲ့ တတိယမြောက်မကျေပွဲကို ၂၀၂၁ အထိမစောင့်နိုင်တော့ဘဲ လာမယ့်ဒီဇင်ဘာလမှာ ကျင်းပဖို့ စိတ်အားထက်သန်နေပါတယ်။                                                                                                                    


  (SO)






အခြားဆက်စပ်သတင်းများ