နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Lexington Open တင်းနစ်ပြိုင်ပွဲ ချန်ပီယံဆုကို ဘရက်ဒီ ဆွတ်ခူး

 ဩဂုတ်  ၁၈


အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့သည့် Lexington Open တင်းနစ်ပြိုင်ပွဲတွင် အမေရိကန်တင်းနစ်မယ် ဘရက်ဒီက ချန်ပီယံဆု ဆွတ်ခူးခဲ့ကြောင်း သိရသည်။
အဆိုပါတင်းနစ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲအဖြစ် ဆွစ်ဇာလန်တင်းနစ်မယ် ဂျီလ်တိုက်ချ်မန်းနှင့် အမေရိကန်တင်းနစ် မယ်ဘရက်ဒီတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘရက်ဒီက (၆-၃၊ ၆-၄) ရလဒ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ COVID-19 ရောဂါကြောင့် အမျိုးသမီး ပရော်ဖက်ရှင်နယ်တင်းနစ်ပြိုင်ပွဲများ ရပ်ဆိုင်း ထားပြီး Lexington Open တင်းနစ်ပြိုင်ပွဲသည် ပထမဆုံးပြန်လည်ကျင်းပခဲ့သည့် WTA တင်းနစ်ပြိုင်ပွဲ အမျိုးအစားဖြစ်သည်။


ဘရက်ဒီက “အခုလို ချန်ပီယံဆု ဆွတ်ခူးနိုင်မယ်လို့ ထင်မှတ်မထားပါဘူး။ မျှော်လင့်မထားတဲ့ အောင်မြင်မှုကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဆီရီနာဝီလျံ၊ ကိုကို့ဂေါက်ဖ်တို့ကို ကျော်ဖြတ်ပြီး အခုလို ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့လို့လည်း ဂုဏ်ယူမိပါတယ်”ဟု ပြောကြားခဲ့သည်။ ဘရက်ဒီသည် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည့်အတွက် မကြာမီသတ်မှတ်တော့မည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် သိသာစွာမြင့်တက်လာဖွယ်ရှိသည်။                                                                                                                                


(သူရိန်)






အခြားဆက်စပ်သတင်းများ